China (HongKong)

ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူး (၆) ကြိမ်မြောက် တရုတ် နိုင်ငံတကာပို့ကုန် ကုန်စည်ပြပွဲ သို့ တက်ရောက်ရန် ရှန့်ဟိုင်မြို့သို့သွားရောက်မည်ဖြစ်

Last Updated:

ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူးဦးဆောင်၍ ဘဏ္ဍာရေးဝန်ကြီး၊ ကူးသန်းရောင်းဝယ်မှုနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး၊ ပညာရေးဝန်ကြီးနှင့် အစိုးရကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့သည်  (၆) ကြိမ်မြောက် တရုတ်နိုင်ငံတကာပို့ကုန် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ရှန့်ဟိုင်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဟောင်ကောင်အစိုးရ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

တရုတ်နိုင်ငံတကာပို့ကုန် ကုန်စည်ပြပွဲ (CIIE) တွင် ဟောင်ကောင်ဒေသမှ လုပ်ငန်းပေါင်း ၃၀၀ ကျော် ပါဝင်ပြမည်ဖြစ်ပြီး၊ အဆိုပါကုန်စည်ပြပွဲတွင် Channelling Global Business through Hong Kong ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သွားမည်ဖြစ်ပါသည်။ အုပ်ချုပ်ရေးမှူးသည် နိုဝင်ဘာလ ၅ ရက်နေ့တွင် CIIE ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဆွေးနွေးပွဲများတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

တရုတ်ပြည်မဈေးကွက် ဖွင့်လှစ်မှု သိသာထင်ရှားသည့် ဆောင်ရွက်ချက်ဖြစ်သည့် CIIE တွင် ဟောင်ကောင်ဒေသအနေဖြင့် တက်တက်ကြွကြွ ပါဝင်သွားမည်ဖြစ်ပြီး၊ CIIE သည် ဟောင်ကောင်ဒေသမှ လုပ်ငန်းများအတွက် တရုတ်ပြည်မဈေးကွက်သို့ ဝင်ရောက်နိုင်ရေးအတွက် အခွင့်အလမ်းများ ပေးစွမ်းနိုင်မည်ဖြစ်သည်ဟု အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေအုပ်ချုပ်ရေးမှူးသည် ရှန့်ဟိုင်ဒေသခရီးစဉ်အတွင်း ရှန့်ဟိုင်ပြည်နယ် အစိုးရ‌အကြီးအကဲများနှင့် တွေ့ဆုံမည်ဖြစ်သကဲ့သို့ ရှန့်ဟိုင်ဒေသရှိ ဟောင်ကောင်ဒေသခံများနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)