Thailand

ထိုင်းနိုင်ငံ၊ အစိုးရအဖွဲ့၏ ဂက်စ်ဆိုဟော (Gasohol) ဈေးနှုန်းလျှော့ချသည့် ဆုံးဖြတ်ချက်ကြောင့် စွမ်းအင်အရေးသုံးသပ်သူနှင့် စီးပွား‌ရေးလုပ်ငန်းရှင်များအကြား မေးခွန်းများထွက်ပေါ်လာ

Last Updated:

ဂက်ဆိုဟော ၉၁ နှင့် ၉၅ ဈေးနှုန်းကို ၁ လီတာလျှင် ၁ ဘတ် လျှော့ချမည့် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကြောင့် နေထိုင်မှုစရိတ်ကို ထိန်းညှိလိုက်သဖြင့် ပြည်သူများက ဝမ်းမြောက်ဝမ်းသာလက်ခံကြသော်လည်း စွမ်းအင်အရေးသုံးသပ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား မေးခွန်းများ ထွက်ပေါ်လာခဲ့ကြောင်း သိရှိရပါသည်။

အဓိက စက်သုံးဆီလက်လီရောင်းချသူ Bangchak Corporation က ဂက်စ်ဆိုဟော အမျိုးအစား ဆီဈေးနှုန်းကို ၁ လီတာလျှင် ၀.၃ ဘတ် ဈေးမြှင့်တင်လိုက်ခြင်းကြောင့် ဖြစ်ပါကြောင်း၊ ကုမ္ပဏီ၏ အကောင်းစား ဂက်စ်ဆိုဟော အမျိုးအစားဖြစ်သည့် Hi ပရီမီယမ် ၉၇ အမျိုးအစား ၁ လီတာလျှင် ၀.၆ ဘတ် ဈေးမြင့်တက်သွားပါကြောင်း၊ ဈေးမြင့်တက်ရခြင်းမှာ ကမ္ဘာ့ဈေးကွက်တွင် ရေနံစိမ်း ဈေးမြင့်တက်ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

အစိုးရအနေဖြင့် သယ်ယူပို့ဆောင်ရေးစရိတ်ကို ထိန်းချုပ်လိုခြင်းကြောင့်ဖြစ်ကြောင်း၊ အိမ်သုံးဖြစ်သော Liquefied Natural Gas (LNG) နှင့် စက်မှုလုပ်ငန်းတွင် အဓိကလောင်စာဖြစ်သည့် ဒီဇယ်ဆီဈေးနှုန်းကို လျှော့ချသည့် နည်းလမ်းများကို စဉ်းစားသင့်ကြောင်း၊ နိုင်ငံအတွင်း စက်သုံးဆီအသုံးပြုမှု လီတာ ၁၅၀ သန်းတွင် ဂက်စ်ဆိုလင်းနှင့် ဂက်စ်ဆိုဟော အသုံးပြုမှု လီတာ ၃၀ သန်းနှင့် ဒီဇယ်ဆီအသုံးပြုမှု လီတာ ၆၀-၆၅ သန်းဖြစ်ကြောင်း၊ ၁၀,၀၀၀ ဘတ် ဒီဂျစ်တယ် ပိုက်ဆံအိတ် (Digital Wallet) နှင့် လျှပ်စစ်ရထားလမ်းကြောင်းများအတွက် ဈေးနှုန်းလျှော့ချပေးသည့် စီမံချက်အပါအဝင် ဂက်စ်ဆိုဟောဈေးနှုန်း အထောက်အပံ့ပေးသည့် အစိုးရ၏ ဆောင်ရွက်ချက်သည် အစိုးရအတွက် ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးဖြစ်စေပါကြောင်း သာမားဆက်တက္ကသိုလ် စီးပွားရေးပညာရှင် Mr. Praipol Koomsup က သုံးသပ်ထားပါသည်။

အစိုးရအဖွဲ့က ဂက်စ်ဆိုဟော ၉၁ ဈေးနှုန်းကို ၁ လီတာလျှင် ၂.၅ ဘတ် လျှော့ချရန် ယခင်က စီစဉ်ထားခဲ့ပါကြောင်း၊ ဂက်စ်ဆိုဟော ၉၁ နှင့် ၉၅ တို့အတွက် အခွန်ကို သီးခြားကောက်ခံခြင်းမပြုသဖြင့် ၂ ခုလုံးအတွက် ၁ ဘတ်စီလျှော့ချရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းသစ်သည် နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်အသက်ဝင်မည် ဖြစ်ပြီး ၃ လကြာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

 

Source: www.bangkokpost. gov

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)  

Category: Thailand