USA

အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ကွန်ပျူတာ CHIP ရရှိရေး တွန်းအားပေး ဆောင်ရွက်ချက်များကို ရပ်တန့်နိုင်ရန် ဘဏ္ဍာငွေပိုလိုအပ်သည်ဟု ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Ms. Gina Raimondo က ပြောကြား

Last Updated:

အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ကွန်ပျူတာ CHIP ရရှိရေး တွန်းအားပေး ဆောင်ရွက်ချက်များကို ရပ်တန့်နိုင်ရန် ဘဏ္ဍာငွေ ပိုလိုအပ်သည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo က ပြောကြားခဲ့ကြောင်း ၅-၁၂-၂၀၂၃ ရက်နေ့တွင် Bloomberg အွန်လိုင်းသတင်း၌ “Raimondo Says Commerce Needs More Money to Halt China Chip Drive” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo က တရုတ်နိုင်ငံ၏ Cutting-edge Semiconductor နည်းပညာရရှိရေး တွန်းအားပေး ဆောင်ရွက်ချက်များကို ရပ်တန့်ရန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာငွေပို၍လိုအပ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံက အဆိုပါ Chips ရရှိခွင့်မပြုနိုင်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပို့ကုန်ထိန်းချုပ်နိုင်ရန် ဝန်ကြီးဌာနအောက်ရှိ စက်မှုနှင့် လုံခြုံရေးဗျူရို (Bureau of Industry and Security) အတွက် လွှတ်တော်မှ ဘဏ္ဍာငွေချပေးရန် ပို၍လိုအပ်ကြောင်း၊ အမေရိကန် ကုမ္ပဏီများအနေဖြင့် Semiconductor ပို့ကုန်ကန့်သတ်ချက်များ အပါအဝင် နိုင်ငံ၏အမျိုးသားလုံခြုံရေးအပေါ် ဦးစားပေးမှုကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကုမ္ပဏီအချို့မှ အမှုဆောင်အရာရှိများက ကုမ္ပဏီဝင်ငွေနည်းသွားသဖြင့် ၎င်း၏ဆောင်ရွက်ချက်ကို သဘောတူကြိုက်နှစ်သက်မည်မဟုတ်ကြောင်း၊ အထူးသဖြင့် တရုတ်ဈေးကွက်သို့ Chip ဒီဇိုင်းရေးဆွဲ ရောင်းချနေသည့် Nvidia Corp ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် ပို့ကုန်ကန့်သတ်ခဲ့ပါကြောင်း၊ တရုတ်နိုင်ငံသို့ ရောင်းချသည့် Chip များသည် AI သို့ပြောင်းလဲထုတ်လုပ်နိုင်ရန် ဒီဇိုင်းရေးဆွဲထားသည်ဟု ယနေ့သိရှိရပါက နောက်နေ့တွင် အဆိုပါကုမ္ပဏီအပေါ် ၎င်း၏ဝန်ကြီးဌာနက ပို့ကုန်ကန့်သတ်သွားမည်ဖြစ်ကြောင်း၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မကြာသေးမီကလည်း Nvidia ၏ Made-for-China Chips ခေါ် တရုတ်နိုင်ငံအတွက်သာ ထုတ်လုပ်ပေးသော Chips များအပေါ် ပို့ကုန်ကန့်သတ်ခဲ့ပြီးနောက် Nvidia က အာရှနိုင်ငံများအတွက် AI Chips အသစ် (၃) မျိုးကို ရေးဆွဲထုတ်လုပ် ရောင်းချခဲ့ပါကြောင်း၊ နှစ်နိုင်ငံဆက်သွယ်ဆောင်ရွက်ခြင်းသည် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးကို တည်ငြိမ်စေနိုင်သော်လည်း အမျိုးသားလုံခြုံရေးဆိုင်ရာ ရှုထောင့်မှကြည့်လျှင် အန္တရာယ်ကို မြင်နိုင်ရန် ကြည့်သင့်ကြောင်းဖြင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

၂၀၂၃ ခုနှစ်လယ်ပိုင်းတွင် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေး တင်းမာမှုများရှိခဲ့ပြီး အမေရိကန်နိုင်ငံက တရုတ်နိုင်ငံသို့ Chip တင်ပို့မှုကို ရပ်ဆိုင်းခဲ့ရာ တရုတ်နိုင်ငံဖက်ကလည်း Chip ထုတ်လုပ်ရာတွင် အသုံးပြုသည့် သတ္တုပို့ကုန်များ အမေရိကန်သို့ တင်ပို့ရန် ပြန်လည်ကန့်သတ်ခြင်းဖြင့် အပြန်အလှန် အရေးယူတုံ့ပြန်ခဲ့ကြောင်းနှင့် အမေရိကန်ဘက်ကလည်း AI Chips များ တရုတ်လက်ဝယ်သို့ မရောက်ရှိစေရန် ကန့်သတ်ပိတ်မှုများ ပြုလုပ်သွားမည်ဟု အကြိမ်ကြိမ်ပြောကြားခဲ့သလို လက်တွေ့လုပ်ဆောင်ခဲ့ခြင်းများလည်းရှိကြောင်း တင်ပြအပ်ပါသည်။

 

 

Source:https://www.bloomberg.com/news/articles/2023-12-02/raimondo-says-commerce-needs-more-money-to-halt-china-chip-drive                                                                                                    

(စီးပွားရေးသံမှူး၊ ခင်ဆွေဦး)

Category: USA