China (Kunming)

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် စီးပွားရေးအတွက် ခိုင်မာသော ပံ့ပိုးကူညီမှုများ ပေးမည်ဖြစ်ကြောင်း ကတိပြု

Last Updated:

တရုတ်ပြည်သူ့ဘဏ် (PBOC) သည် ပေကျင်းမြို့၌ ကျင်းပသည့် အလုပ်သဘော ကွန်ဖရင့်တစ်ခုတွင် ၂၀၂၄ ခုနှစ်၌ တည်ငြိမ်သော စီးပွားရေးတိုးတက်မှုနှင့် အရည်အသွေးမြှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ခိုင်မာထိရောက်သော ပံ့ပို့မှုကူညီမှုများ ပေးသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ PBOC သည် ၎င်း၏ကြိုးပမ်းမှုတစ်ခုအနေဖြင့် ယခုနှစ်ဘဏ္ဍာရေးအဖွင့်၌ ရှေရှည်တည်တံ့ကောင်းမွန်သည့် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ တရုတ်ပြည်သူ့ဘဏ်အနေဖြင့် ကြွေးမြီသစ်များကို ဟန်ချက်ညီစွာ ခွဲဝေဆောင်ရွက်ခြင်း၊ ရရှိသည့်ရန်ပုံငွေများ၏ သုံးစွဲနိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးခြင်းနှင့် လူမှုရေးဆိုင်ရာ ဘဏ္ဍာရေးတွင် တစ်နှစ်ပတ်လုံး အရှိန်အဟုန်ဖြင့် ရေရှည်တည်တံ့သော တိုးတက်မှုရရှိစေခြင်း စသည်တို့၌ အလေးထားဆောင်ရွက်သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် နိုင်ငံ၏ ငွေချေးစာချုပ် ဈေးကွက်တွင် အလွယ်တကူ ပါဝင်လာနိုင်ရန် ငွေကြေးဈေးကွက်၏ ပွင့်လင်းမြင်သာမှုကို ပိုမိုဖော်ဆောင်လာခဲ့သည်။ ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယွမ်ငွေကြေး၏ နိုင်ငံတကာအသိမှတ်ပြုနိုင်မှုကို ဆက်လက်မြှင့်တင်ရန် ခိုင်မာသော ခြေလှမ်းများဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်။ ဗဟိုဘဏ်သည် ပြည်တွင်းနှင့် ပြည်ပ ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ချိတ်ဆက်ဆောင်ရွက်နိုင်မှု တိုးမြှင့်ရန်၊ ဘဏ္ဍာရေးကဏ္ဍ ပါဝင်သည့် နိုင်ငံတကာကုန်သွယ်မှု ဈည်းမျဉ်းများကို ချမှတ်နိုင်ရန်၊ နယ်စပ်ဖြတ်ကျော် ယွမ်ငွေအသုံးပြုမှုကို လွယ်ကူချောမွေ့စေသည့် မူဝါဒစနစ် ပိုမိုကောင်းမွန်လာစေရန်နှင့် တရုတ်နိုင်ငံသို့ လည်ပတ်ကြသည့် ပြည်ပခရီးသွားများအတွက် ငွေပေးချေစနစ် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ နည်းပညာ ဆန်းသစ်တီထွင်မှု၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး၊ စိုက်ပျိုးရေး၊ အသေးစားလုပ်ငန်းများ၊ ပုဂ္ဂလိက စီးပွားရေးနှင့် ကျေးလက်ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစသည့် နယ်ပယ်များအပါဝင် အဓိက လုပ်ငန်းနယ်ပယ်များနှင့် ဖွံ့ဖြိုးမှုအားနည်းသည့် ချိတ်ဆက်မှုများတွင်  ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ ပိုမိုရရှိနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

 

အရင်းမြစ်။ https://news.cgtn.com/news/2024-01-06/China-s-central-bank-vows-strong-support-for-economy-in-2024-1q8Ww8FI8E0/p.html

လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: China (Kunming)