China (Kunming)

တရုတ်နိုင်ငံ၏ နိုင်ငံခြားသုံး အရန်ငွေသည် နှစ်လဆက်တိုက် မြှင့်တက်လာ

Last Updated:

၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားသုံး အရန်ငွေ (Foreign Exchange Reserves) သည် နှစ်လဆက်တိုက် မြှင့်တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ထရီလီယံ အထိ မြှင့်တက်လာခဲ့ကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြှင့်တက်လာခြင်းသည် နိုင်ငံခြား‌ငွေလဲလှယ်နှုန်း အတက်အကျများခြင်းနှင့် မရွေ့ပြောင်းနိုင်သောပစ္စည်း (Asset) ဈေးနှုန်းများ မြှင့်တက်လာခြင်း စသည့်အချက်များကြောင့်ဖြစ်ကြောင်း နိုင်ငံတော် နိုင်ငံခြားသုံးအရန်ငွေစီမံခန့်ခွဲရေး (State Administration of Foreign Exchange-SAFE) ၏ ထုတ်ပြန်ချက်အရသိရသည်။ SAFE ၏ ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ၏ ခိုင်မာသော စီးပွားရေးတိုးတက်မှုနှင့် အရည်အသွေးမြှင့် ဖွံ့ဖြိုးတိုးတက်မှုကို တည်ငြိမ်စွာ ဖော်ဆောင်လာနိုင်မှုတို့သည် နိုင်ငံ၏နိုင်ငံခြားသုံး အရန်ငွေများ တည်ငြိမ်လာစေရန် ပံ့ပိုးပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

ယခုသီတင်းပတ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံခြားသုံးအရန်ငွေစီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် ၂၀၂၄ ခုနှစ်တွင် စစ်မှန်သော စီးပွားရေး၏ အရည် အသွေးမြှင့်မားသည့် ဖွံ့ဖြိုးတိုးတက်မှုကိုပိုမိုကောင်းမွန်စွာ ဖော်ဆောင်နိုင်ရန် ကဏ္ဍအလိုက်ဖော်ဆောင်ခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းတို့ကိုအလေးနက်ထား ဆောင်ရွက်မည်ဖြစ်ကြောင်း SAFE မှ ပြောကြားခဲ့သည်။ SAFE အနေဖြင့် နည်းပညာဆန်းသစ်တီထွင်မှုနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၌ ပံ့ပိုးကူညီရန် အလေး ထားလျက်ရှိပြီး နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို လွယ်ကူချောမွေ့စေရန် လုပ်ဆောင်သွားမည်ဖြစ်သည်။ SAFE မှ ထုတ်ပြန်သည့် အချက်အလက်များအရ တရုတ်နိုင်ငံ၏ အရန် ရွှေပမာဏသည် ၂၀၂၃ ခုနှစ်တွင် ၇ ဒသမ ၂၃ အောင်စ မှ ၇၁ ဒသမ ၈၇ အောင်စအထိ တိုးလာပြီး ဒီဇင်ဘာလသည် နိုင်ငံ၏ အရန်ရွှေပမာဏ ဆက်တိုက်တိုးလာခဲ့သည့် ၁၄ လ မြောက်လဖြစ်ကြောင်း သိရသည်။

 

အရင်းမြစ်။ https://news.cgtn.com/news/2024-01-07/China-s-forex-reserves-rise-for-2nd-consecutive-month-1qazHCuaPSg/p.html

လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: China (Kunming)