Thailand

တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေသည် ထိုင်းနိုင်ငံ၏ စီးပွားရေးကို သက်ရောက်မှုရှိ-မရှိ ထိုင်းနိုင်ငံ ၏ နိုင်ငံအဆင့်စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကောင်စီက စောင့်ကြည့်လျက်ရှိ

Last Updated:

၂၀၂၂ ခုနှစ် ဒုတိယလပတ်ကတည်းက တရုတ်နိုင်ငံ၏ ပို့ကုန်အခြေအနေသည် အကျဖက်တွင် ရှိနေသော်လည်း ၂၀၂၄ ခုနှစ်တွင် ၃ ရာခိုင်နှုန်း တိုးတက်လာနိုင်သည်ဟု ခန့်မှန်းထားပြီး တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို ထိုင်းနိုင်ငံ၏ နိုင်ငံအဆင့်စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ကောင်စီ က အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါသည်။

 ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ၂.၇ ရာခိုင်နှုန်းမှ ၃.၇ ရာခိုင်နှုန်းကြား တိုးတက်နိုင်သည်ဟု ခန့်မှန်း ထားပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး အသုံးစရိတ်ထုတ်ပြန်ပြီးနောက် အစိုးရ၏ သုံးစွဲစရိတ်သည် မြင့်တက်လာခဲ့ပါကြောင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု သည် ဆက်လက် တည်ရှိနေပြီး ပြည်သူများ၏ စားသုံးမှုသည်လည်း ၂၀၂၃ ခုနှစ်မှစ၍ ဆက်လက်ရှိနေသေးသောကြောင့်ဖြစ်ကြောင်း ကောင်စီ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Mr. Danucha Pichayanan က ပြောကြားခဲ့သည်။

ကပ်ရောဂါကာလအလွန်တွင် ပြည်သူများအသုံးစရိတ်နှင့် ပြည်တွင်းခရီးသွားကဏ္ဍတွင် ပြန်လည်ကောင်းမွန်လာခဲ့ပြီး ခရီးသွားလာမှုမြင့်တက်လာခြင်းကြောင့် ဝန်ဆောင်မှုကဏ္ဍသည်လည်း အကျိုးကျေးဇူးများစွာခံစားရပါကြောင်း၊ ကမ္ဘာ့စီးပွားရေး အားနည်းချက်နှင့် အတက်အကျ ဖြစ်နေသော စီးပွားရေးသက်ရောက်မှုနှင့် ဒေသများစွာ၏ ပထဝီနိုင်ငံရေး အခြေအနေများစသည့် ပြင်ပအကြောင်းအရာများကြောင့် ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံ၏ စီးပွားရေးအလားအလာအတွက် ပူပန်မှုရှိနေပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုသည် ၂.၇ရာခိုင်နှုန်းဖြစ်နိုင်သည်ဟု ခန့်မှန်းထားပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်မှုပမာဏသည် ယခင်နှစ် ၂.၁ ရာခိုင်နှုန်းမှ ၃.၂ ရာခိုင်နှုန်းထိ ပြန်လည်ကောင်း မွန်လာနိုင်ကြောင်း၊ တရုတ်စီးပွားရေးအပေါ် မျှော်လင့်ချက်များ ရှိနေသော်လည်း စီးပွားရေးတိုးတက်မှု လမ်းကြောင်းပြသထားမှုသည် တရုတ်နိုင်ငံတွင် အိမ်ခြံမြေဆိုင်ရာ ကြွေးမြီပြဿနာနှင့် ပြည်တွင်းစားသုံးမှုကျဆင်းခြင်းတို့သည် ကမ္ဘာ့စီပွားရေးပွားရေးအပေါ် သက်ရောက်ပါကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးအရ စိန်ခေါ်မှုများကို ဖြေရှင်းရန် ထိုင်းနိုင်ငံအစိုးရ၏ တုံ့ပြန်မှုနှင့် မူဝါဒများသည် အရေးကြီးပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် စီးပွားရေးသည် ၄.၃ ရာခိုင်နှုန်းတိုးတက်မည်ဟု ကောင်စီကခန့်မှန်းထားပါကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးအရ စိန်ခေါ်မှုများရှိနေသော်လည်း တရုတ်နိုင်ငံသည် စားသုံးသူ ပမာဏ ကြီးမားသဖြင့် တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံ၏ ပို့ကုန် တင်ပို့မှုသည် မြင့်တက်နေဆဲဖြစ်ကြောင်း ၎င်းက သုံးသပ်ထားပါသည်။

ထိုင်းနိုင်ငံ၏ ပို့ကုန်အခြေအနေအရ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့ခဲ့မှုသည် ၂၀၂၂ ခုနှစ် ပထမ ၁၁ လတာကာလ ကိန်းဂဏန်းနှင့် နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်း အနုတ်လက္ခဏာပြနေပါကြောင်း၊ ပထဝီနိုင်ငံရေးအရ အထူးသဖြင့် အစ္စရေးအခြေအနေကြောင့် ဆီဈေးနှုန်းအပေါ် သိသိသာသာ မသက်ရောက်ပါကြောင်း၊ နိုင်ငံအချို့၏ ထုတ်လုပ်မှုလျှော့ချခဲ့ခြင်းနှင့် ဒေသတွင်း ပဋိပက္ခများသည် လာမည့် နှစ်များတွင် ကမ္ဘာ့စီးပွားရေးကို ပူပန်စေပါကြောင်း၊ ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်တွင် ထိုင်းပို့ကုန် ကို ၃.၈ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားသဖြင့် ပို့ကုန်တွင်အရှိန်ကို ထိန်းထားရန် လိုအပ်သည်ကို မီးမောင်းထိုးပြလိုကြောင်း၊ နိုင်ငံခြားသား ခရီးသွားများ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းသည် ယခင်ကာလများအတိုင်း မရောက်ရှိသေးသဖြင့် ခရီးသွားကဏ္ဍပြန်လည် အသက်ဝင်လာစေရေးသည် အရေးကြီးပါကြောင်း၊ ကမ္ဘာ့စီးပွားရေးသည် နှေးကွေးနေသည့် အလားအလာရှိနေသော်လည်း ထိုင်းနိုင်ငံ၏ မဟာဗျူဟာသည် ကုန်သွယ်ရေးဈေးကွက်များချဲ့ထွင်ခြင်း၊ ခရီးသွားများကို ဆွဲဆောင်ခြင်း၊ ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုများ နှင့် ကုန်သွယ်ရေးအဓိက မိတ်ဘက်များနှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်များကို ဆွေးနွေးမှုကို အရှိန်မြှင့်တင်ခြင်းတွင် ပိုမိုအလေးထား အာရုံစိုက်စေလိုကြောင်း Mr. Danucha က အကြံပြုထားပါသည်။

 

 

 

 

Source: https://www.nationthailand.com/thailand/economy/40034420

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

 

Category: Thailand