Thailand

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံက အမေရိကန်ဈေးကွက်သို့ ပို့ကုန်တင်ပို့နိုင်မှုကို ၂ ရာခိုင်နှုန်းတိုးတက်ရန် မျှော်မှန်းထား

Last Updated:

ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကို ၂ ရာခိုင်နှုန်းတိုးတက်ရန် မျှော်မှန်းထားကြောင်း၊ လော့စ်အိန်ဂျလိ၊ နယူးယောက်၊ ချီကာဂိုနှင့် မီယာမီ တို့ရှိ ကုန်သွယ်မှုမြှင့်တင်ရေးရုံးများနှင့် ပို့ကုန်တိုးမြှင့်နိုင်ရေး အလားအလာများကို ရရှိရန် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Phusit Ratanakul Sereroengrit က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံရှိ Roadshow ကို ဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်သွားရောက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ၌ အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ ချဲ့ထွင်လာရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်ကုန်သည်ကြီးများအသင်းနှင့် ထိုင်းနိုင်ငံရှိ ကုန်သွယ်ရေးအသင်းအဖွဲ့များစသည့် အမေရိကန် လုပ်ငန်းရှင်များကလည်း စိတ်ဝင်စားမှုကို ပြသလျက်ရှိပါကြောင်း၊ ပို့ကုန်ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများ ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ပထဝီနိုင်ငံရေးအခြေအနေများကြောင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ ဆောင်ရေးကုန်ကျစရိတ်များ မြင့်တက်နိုင်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြား ခဲ့သည်။

အမေရိကန်တင်သွင်းသူများနှင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအကြား ကုန်သွယ်မှုတန်ဖိုး မြင့် တက်စေရန် ရည်ရွယ်၍ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များအား THAIFEX-Anuga Asia၊ ဗန် ကောက်ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲကဲ့သို့သော အဓိက ကုန်စည်ပြပွဲများသို့ ဖိတ်ကြားသွားမည်ဖြစ်ပြီး အမေရိကန်တင်သွင်းသူများနှင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအကြား မြေပြင်နှင့် အွန်လိုင်းစီးပွားရေးချိတ်ဆက်မှုများဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဝယ်လိုအားမြင့်မားသည့် အစား အစာ၊ ပရိဘောဂနှင့် အိမ်တွင်းအလှဆင်၊ တိရစ္ဆာန်အစာနှင့် ဖြည့်စွက်စာများ၊ လျှပ်စစ်ပစ္စည်းများ၊ မော်တော်ကားအစိတ်အပိုင်းများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများအပေါ် အဓိကထားမည်ဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

Amazon ကဲ့သို့သော အွန်လိုင်းပုံစံဖြင့် ထိုင်းလူသုံးကုန်နှင့် ကျန်းမာရေးထုတ်ကုန်များကို အမေရိကန်ဈေးကွက်သို့ ချဲ့ထွင်သွားမည်ဖြစ်ကြောင်း၊ လော့စ်အိန်ဂျလိရှိ ကုန်သွယ်ရေးရုံးတွင် “Top Thai Store” ကို တည်ထောင်ထားပြီး Amazon ၏ အကူအညီဖြင့် ရောင်းချလျက်ရှိကြောင်း၊ အမေရိကန်တွင် စီးပွားရေးအရ ကြီးမားသောအုပ်စုဖြစ်သည့် ဟစ်စပန်းနစ် (Hispanic) ပြည်သူများ ကို အဓိကထားပါကြောင်း၊ အမေရိကန်နိုင်ငံသို့ ပို့ကုန်တိုးမြှင့်ရန်၊ ဆက်ဆံရေးပိုမိုခိုင်မာစေရန်၊ မိတ်ဖက်ဆက်ဆံရေး တည်ထောင်ရန်နှင့် တင်သွင်းသူအသစ်များရှာဖွေရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးဆောင်သည့် အဆင့်မြင့်အရာရှိများသည် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အမေရိကန်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းဆန်နှင့် အစားအသောက်ထုတ်ကုန်များအတွက် ဈေးကွက်ချဲ့ထွင်ရန် ထိုင်းနှင့် အမေရိကန် လုပ်ငန်းရှင်များအကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ပထမ ၁၁ လအတွင်း နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၆၂.၆ ဘီလီယံ ရှိခဲ့ပါ ကြောင်း၊ ပို့ကုန်များမှာ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ရာဘာထုတ်ကုန်များ၊ ဖုန်းနှင့် ဆက်စပ် ပစ္စည်းများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ထရန်စစ္စတာများ၊ ဒိုင်အုတ်များနှင့် လျှပ်စစ် ကူးပြောင်းသည့် ပစ္စည်းများဖြစ်ကြောင်း၊ သွင်းကုန်များမှာ ရေနံစိမ်း၊ စက်ယန္တရားနှင့် ဆက်စပ်ပစ္စည်းများ၊ ဓာတုပစ္စည်း များ၊ လျှပ်စစ်ဆားကစ်ပြားများ၊ ဖြတ်စက်များ၊ လေယာဉ်အစိတ်အပိုင်း များဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးမြှင့်နိုင်ရေးဆောင်ရွက်နေမှုများအရ ကုန်သွယ်ရေးဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ကိုယ်စားလှယ်များ၏ ကုန်သွယ်ရေးခရီးစဉ်များ သွားရောက်ခြင်းသည်လည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုပါကြောင်း လေ့လာသုံးသပ်မိပါ သည်။

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand