Thailand

ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ်၏ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်သည် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ခဲ့

Last Updated:

ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ်၏ ဒီဇင်ဘာလအတွင်း ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဟွန်ဒါမော်တော်ကား (ထိုင်း) ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Pornwut Sarasin၊ တိုယိုတာ၊ အိဆုဇု၊ နစ်ဆန်၊ မီဆူ ဘီရှီ၊ မီဆူအီ၊ ဆူဇူကီး မော်တော်ကားကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ ကူဘိုတာစိုက်ပျိုးရေး စက် ယန္တရားထုတ်လုပ်သူ ကိုယ်စားလှယ်များစသည့် ကုမ္ပဏီ ၇ ခုမှ ကိုယ်စားလှယ်များပါဝင်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ခရီးစဉ်သည် အောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့ပြီး မော်တော်ကားထုတ်လုပ်သူ ၄ ဦး က ထိုင်းနိုင်ငံ လျှပ်စစ်မော်တော်ကား စက်မှုနယ်ပယ်တွင် ဘတ် ၁၅၀ ဘီလီယံကို လာမည့် ၅ နှစ် အတွင်း ရင်းနှီးမြှုပ်နှံရန် သဘောတူညီခဲ့ပါကြောင်း၊ တိုယိုတာနှင့် ဟွန်ဒါတို့က ဘတ် ၅၀ ဘီလီယံစီ၊  အိဆုဇုက ဘတ် ၃၀ ဘီလီယံနှင့် မီဆူဘီရှီက ဘတ် ၂၀ ဘီလီယံအသီးသီး ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း၊ ရလဒ်သာမက အစိုးရ၏ ပွင့်လင်းမြင်သာသော လုပ်ငန်းဆောင်ရွက်ချက်များကြောင့် များစွာအထင်ကြီးမိပါကြောင်း ဟွန်ဒါမော်တော်ကား (ထိုင်း) ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Pornwut Sarasin က ပြော ကြားခဲ့သည်။

ဂျပန်ရင်းနှီမြှုပ်နှံသူများက EV အခွန်ပုံစံများနှင့် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကျိုးကျေးဇူးများအပေါ် စီမံထားမှုများစသည့် အရေးကြီးသော အချက်အလက်များသည် ရှင်းလင်းသဖြင့် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အပေါ် ကျေးဇူးတင်ပါကြောင်း၊ ထိုင်းအစိုးရက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲများကို ရှင်းလင်းပေးမည်ဖြစ်ပြီး နိုင်ငံကို ဂက်စ်နှင့် EV မော်တော် ကားထုတ်လုပ်သည့် အချက်အချာဖြစ်စေရန် မြှင့်တင်သွားမည်ဟု ကတိပေးပါကြောင်း၊ ဂျပန်နိုင်ငံသား များကလည်း ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် များစွာစိတ်ဝင်စားလျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုကို မြန် သထက်မြန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများသည် အရေးပါသော အုပ်စုဖြစ်ပြီး နိုင်ငံ၏ ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသော ရင်းနှီမြှုပ်နှံသူဖြစ်ကြောင်း၊ နိုင်ငံ၏ အရေးကြီးသော နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုသည် မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းထုတ်လုပ်ခြင်းဖြစ်ပြီး GDP တိုးတက်မှုကို များစွာ အထောက်အကူပြုပါကြောင်း၊ ဝန်ကြီးချုပ်၏ ခရီးစဉ်သည် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နိုင်ရုံ သာမက နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာစေကြောင်း Mr. Pornwut က သုံးသပ်ထားပါသည်။

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊  ဗန်ကောက်မြို့)

Category: Thailand