USA

အမေရိကန်အလုပ်သမားများ အလုပ်မှနုတ်ထွက်ရန် တွန့်ဆုတ်လာ

Last Updated:

အမေရိကန်အလုပ်သမားများအနေဖြင့် အလုပ်မှနုတ်ထွက်ရန်တွန့်ဆုတ်လာကြကြောင်း ၃-၁၀-၂၀၂၃ ရက်တွင် Wall Street Journal အွန်လိုင်းသတင်း၌ “Americans’ Growing Reluctance to Quit Their Jobs, in Five Charts” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။   

ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားပြီးနောက် အလုပ်သမားများ အစုလိုက်အပြုံလိုက်နုတ်ထွက်ပြီး နောက်ပိုင်း ယခုနှစ်နွေရာသီတွင် အမေရိကန်အလုပ်သမားများသည် အလုပ်မှနုတ်ထွက်ရန် သိသိသာသာ တွန့်ဆုတ်လာခဲ့ကြပါသည်။ အလုပ်နုတ်ထွက်မှုနှုန်းနည်းပါက အလုပ်သမားများအနေဖြင့် ၎င်းတို့၏ရှေ့ရေး တိုးတက်မှုအတွက် ပူပန်ရနိုင်ကြောင်း၊ အမေရိကန် အလုပ်သမားများမှာ အခြားအကြောင်းအရင်းများဖြစ်သည့် အလုပ်ချိန်၊ လုပ်ခ နှင့် အလုပ်ခွင်၌ ပျော်ရွှင်မှုတို့ကြောင့် အလုပ်တွင်တည်မြဲလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အလုပ်သမားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် အလုပ်မှနုတ်ထွက်မှုနှုန်းမှာ (၂.၃) ရာခိုင်နှုန်းရှိသဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလရှိ (၃) ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက ကျဆင်းသွားကြောင်း၊ အလုပ်နေရာများရှားပါးမှုရှိသော်လည်း အလုပ်သမားဈေးကွက် ရှင်သန်လျက်ရှိကြောင်း၊ အလုပ်သမားများလုပ်ငန်းခွင်တွင်တည်မြဲလိုပါက ကုမ္ပဏီများအနေဖြင့် လူကိုယ်တိုင်နှင့် အွန်လိုင်းဖြင့် အလုပ်လုပ်ကိုင်ခွင့်ကို ဆက်လက်၍ဖန်တီးပေးရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လအကုန်တွင် အလုပ်ခေါ်ယူမှု အရေအတွက် (၉.၆) သန်း ရှိပြီး ဇူလိုင်လတွင် အလုပ်ခေါ်ယူမှု (၈.၉) သန်းရှိသဖြင့် အလုပ်အကိုင်အရေအတွက် တိုးတက်လာခဲ့ကြောင်း၊ အလုပ်ရှင်များကလည်း ၎င်းတို့အနေဖြင့် လာမည့် ၂၀၂၄ ခုနှစ်တွင် လုပ်ခလစာတိုးအနည်းငယ်တိုးမြှင့်ရန်သည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။  

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA