ဖိလစ်ပိုင်နိုင်ငံသည် အီးယူနှင့် ဆောင်ရွက်မည့် FTA ဆိုင်ရာဆွေးနွေးမှုများကို ၁၄-၁၀-၂၀၂၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရက်ဆဲလ်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် အစိုးရလက်ထက်က ဖြစ်ပွားခဲ့သည့် မူးယစ်စစ်ပွဲ (war on drugs) နှင့်စပ်လျဉ်း၍ အီးယူဘက်မှခေတ္တရွှေ့ဆိုင်းခဲ့မှုကိုရပ်တန့်ပြီး ၂၀၂၄ ခုနှစ်အတွင်း Philippines-EU FTA Talks ကို ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း (ယခင်)ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးနှင့် အီးယူကော်မရှင်နာတို့မှ ပြီးခဲ့သည့် မတ်လက ပြောကြားခဲ့ပါသည်။ ပထမ အကြိမ်ဆွေးနွေးမှုကို ၂၀၁၆ ခုနှစ်၊ ဒုတိယအကြိမ်ဆွေးနွေးမှုကို ၂၀၁၇ ခုနှစ်ကဆောင်ရွက်ခဲ့ပြီး ၂၀၂၇ ခုနှစ်တွင် အပြီးသတ်ဆောင်ရွက်ရန် ရည်မှန်းထားပါကြောင်း ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ပြောကြားခဲ့ပါသည်။
လက်ရှိတွင်ဖိလစ်ပိုင်နိုင်ငံသည် အီးယူဈေးကွက်သို့ EU (GSP+) Scheme ဖြင့် ပို့ကုန်တင်ပို့ခွင့် ရရှိထားပါကြောင်း၊ အဆိုပါအစီအစဉ်အရဖိလစ်ပိုင်နိုင်ငံသည် ကုန်ပစ္စည်း ၆,၂၇၄ မျိုးအား အီးယူနိုင်ငံများသို့ အခွန်ကင်းလွတ်ခွင့်ဖြင့်တင်ပို့ခွင့်ရရှိထားပါကြောင်း၊ EU (GSP+) Sheme အား ရယူနေသည့် နိုင်ငံများအနေဖြင့် အလယ်အလတ်အဆင့်နှင့်အထက် ဝင်ငွေရှိသည့် နိုင်ငံအဖြစ် ၃ နှစ်ဆက်တိုက် ရပ်တည်နေမည်ဆိုပါက EU (GSP+) Scheme နှင့်အကျုံးဝင်ခြင်း မရှိပါကြောင်း ဖော်ပြပါရှိပါသည်။
ဖိလစ်ပိုင်နိုင်ငံသည် အဆိုပါအခြေအနေသို့ရောက်လုနီးဖြစ်နေသည့်အတွက် ဖိလစ်ပိုင်-အီးယူ FTA အား အမြန်ဆုံး အပြီးသတ်ဆောင်ရွက်နိုင်မှသာလျှင် လက်ရှိအတိုင်း အီးယူဈေးကွက်နှင့်ဆက်လက် ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ဖိလစ်ပိုင်စီးပွားရေး ဖွံဖြိုးတိုးတက်ရေးအာဏာပိုင်ဝန်ကြီးမှလည်း ဖိလစ်ပိုင်နိုင်ငံ၏ တစ်ဦးချင်းပျမ်းမျှဝင်ငွေစုစုပေါင်းသည် ၂၀၂၅ ခုနှစ် နှောင်းပိုင်းတွင် အလယ်အလတ်အဆင့်နှင့်အထက်သို့ ရောက်ရှိမည်ဟု ခန့်မှန်းပြောကြားထားကြောင်း ဖော်ပြပါရှိပါသည်။
ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ ပထမ ၆ လပတ်အတွင်း အမေရိကန်ဒေါ်လာ ၄.၁၀ ဘီလီယံ သို့မဟုတ် စုစုပေါင်း ပို့ကုန်တင်ပို့မှု၏ ၁၁.၂% ခန့်ရှိပါကြောင်း၊ အီးယူအဖွဲ့ဝင်နိုင်ငံများအနက် နယ်သာလန်နိုင်ငံသို့ တင်ပို့မှု အများဆုံးဖြစ်ပြီး အီးယူနိုင်ငံများသို့ စုစုပေါင်းတင်ပို့မှု၏ ၃၆.၁% ရှိပြီး အမေရိကန်ဒေါ်လာ ၁.၄၈ ဘီလီယံရှိပါသည်။
ဖိလစ်ပိုင်နိုင်ငံမှ အီးယူနိုင်ငံများသို့ အဓိကတင်ပို့နေသည့် ထိပ်တန်းကုန်ပစ္စည်းအုပ်စု ၅ ခုမှာ electronic products, coconut oil, manufactured goods, tuna, machinery and transport equipment တို့ဖြစ်ပါသည်။
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ ဖိလစ်ပိုင်)