USA

အမေရိကန်နိုင်ငံ၏ ၂၀၂၃ ခုနှစ်ဖြစ်ပေါ်ခဲ့သည့်ဘဏ်အကျပ်အတည်းကြောင့် ၂၀၂၄ ခုနှစ် ဘဏ်လုပ်ငန်း ဆောင်ရွက်ချက်များအပေါ်သက်ရောက်မှုရှိနိုင်

Last Updated:

အမေရိကန်နိုင်ငံ၏ ၂၀၂၃ ခုနှစ် ဖြစ်ပေါ်ခဲ့သည့် ဘဏ်အကျပ်အတည်းကြောင်း ၂၀၂၄ ခုနှစ် ဘဏ်လုပ်ငန်းဆောင်ရွက်ချက်များအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း Wall Street Journal အွန်လိုင်း သတင်း၌ ၈-၁-၂၀၂၄ ရက်နေ့တွင် “How the 2023 Bank Crisis Can Still Be Felt in 2024” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ငွေကြေးဈေးကွက်အတွင်း၌ ကာလတိုရန်ပုံငွေများကိုသာ ထုတ်ချေးခဲ့ကြသည်ကိုတွေ့ရှိရပြီး ငွေတိုက်စာချုပ်များကို အပေါင်ပစ္စည်းအဖြစ် အပ်နှံကာ ချေးငွေရယူခဲ့ကြသဖြင့် Secured Overnight Financing Rate တိုးလာခဲ့ကြောင်း၊ ငွေကြေးဈေးကွက်၏ လကုန်နှင့် နှစ်ကုန်ငွေဖြစ်လွယ်မှု (Volatility)သည် မူလအခြေအနေနှင့်ကွဲပြားကြောင်း၊ ဘဏ် အရန်ငွေသည် အမေရိကန်ဒေါ်လာ (၃.၃) ထရီလီယံရှိသဖြင့် ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Jerome Powell က အရန်ငွေ လုံလောက်မှုမရှိဟုဆိုရန်ခက်ခဲသည်ဟု ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ပြောကြားခဲ့ပါကြောင်း၊ ဗဟိုဘဏ်၏ အရန်ငွေသည် နောက်ဆုံးစရင်းချုပ်လတွင် အမေရိကန်ဒေါ်လာ (၃.၄) ထရီလီယံရှိပါကြောင်း၊ ဘဏ်၌ ရန်ပုံငွေများရှိနေသော်လည်း ၎င်းတို့ကိုချေးရန် (သို့မဟုတ်) အရောင်း အဝယ်ပြုလုပ်ရန် မလိုအပ်သဖြင့် ဘဏ်များအနေဖြင့် ၂၀၂၃ ခုနှစ် နွေရာသီတွင် ဖြစ်ပေါ်ခဲ့သည့် ဘဏ်အကျပ်အတည်းကို နမူနာယူ၍ ကြိုတင်ကာကွယ်သည့်အနေဖြင့် သိမ်းဆည်းထားကြခြင်းဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံရှိ ကူးသန်းရောင်းဝယ်ရေးဘဏ်များ၏ပိုင်ဆိုင်မှု(၁၅)ရာခိုင်နှုန်းသာ ငွေသားဖြစ်လွယ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည့်အချက်အလက်များအရတွေ့ရှိရပြီး ဤပမာဏသည် ကိုဗစ်-၁၉ ကူးစက်ရောဂါမဖြစ်ပွားမီ ကာလအောက်လျော့နည်းသော်လည်း ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ပျမ်းမျှအားဖြင့် (၁၀) သာရှိသဖြင့် ယခုရာခိုင်နှုန်းပမာဏသည် များပြားကြောင်း၊ ငွေဖြစ်လွယ်မှုမြင့်မားခြင်းကြောင့် ၂၀၂၃ ခုနှစ် အစောပိုင်း ဖြစ်ပေါ်ခဲ့သည့် ဘဏ်အကျပ်အတည်းမှ ဘဏ်များရုန်းထွက်နိုင်ခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုကြောင့် ဘဏ်များအနေဖြင့် ၎င်းတို့၏ငွေဖြစ်လွယ်သည့် ရင်းမြစ်များကို လျင်မြန်စွာ ကုန်ဆုံးသွားမှုမရှိစေရန်နှင့် ငွေတိုက်စာချုပ်များကို အရှုံးဖြင့် ရောင်းချရမှုမရှိစေရန်လည်း ကူညီနိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဘဏ်အကျပ်အတည်းဖြစ်ပေါ်ခဲ့ခြင်းအတွက် အကောင်းဆုံးဖြေဆေးမှာ ဘဏ်များအနေဖြင့် လက်ဝယ်တွင် ငွေဖြစ်လွယ်သည့်ပိုင်ဆိုင်မှုများနှင့် ငွေသားများများထားရှိခြင်းဖြစ်ကြောင်း Bank of America Securities ၏ အကြီးအကဲ Mr. Mark Cabana က ပြောကြားခဲ့ကြောင်း၊ ဘဏ်များအနေဖြင့် ချေးငွေပေးရန် လက်တွန့်လာခဲ့ကြပြီး ငွေအပ်နှံသူများ၏စုငွေအပေါ် အချိန်ကြာမြင့်စွာအပ်နှံစေရန် အတိုးနှုန်းကို တိုးမြှင့်လာနိုင်ကြောင်း၊ ဈေးကွက်ရှိငွေဖြစ်လွယ်မှုအပေါ်တွင်လည်း သက်ရောက်မှုရှိစေနိုင်ကြောင်း ဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: USA