Thailand

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုကို တိုး မြှင့်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

Last Updated:

ယခုနှစ်အတွင်း အိန္ဒိယသို့ ပို့ကုန်တင်ပို့မှုကို ၄ ရာခိုင်နှုန်း တိုးမြှင့်ရန်နှင့် ထိုင်းနိုင်ငံ၏ စီးပွား‌ရေး တိုးတက်မှုမြှင့်တင်ရေးအတွက် တာဝန်ယူဆောင်ရွက်ရမည့် ထိုင်းအဖွဲ့ (Team Thailand) ကို စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံတွင် ခိုင်မာသောစီးပွားရေးတိုးတက်မှု၊ ကြံ့ခိုင်သော ပြည်တွင်းစားသုံးမှုနှင့် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများမှ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာမှု၊ အိမ်ခြံမြေဆောက်လုပ်ရေးနှင့် မော်တော် ယာဉ်ကဏ္ဍမှ အကျိုးကျေးဇူးရရှိမှု အပါအဝင် တက်ကြွသော စက်မှုလုပ်ငန်းများစသည့် အချက်အလက်ကောင်းများစွာရှိကြောင်း၊ အစားအစာကုန်ကျစရိတ်များနှင့် အိမ်ထောင်စုသုံးစွဲစရိတ်များ ဖြတ်တောက်လိုက်ခြင်းကြောင့် ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းစသည့် အချက်များလည်းရှိပါကြောင်း ဒုတိယဝန်ကြီး Mr. Napintorn Srisunpang က ပြောကြားခဲ့ပါသည်။

အန္တရာယ်ရှိသည့် အချက်များဖြစ်သော ကုန်ပစ္စည်းစံနှုန်းလိုအပ်ချက်များနှင့် တစ်ခါတစ်ရံ နောက်ကျကြေညာသည့် သွင်းကုန်လိုင်စင်များ စသည့်အခွန်မဟုတ်သော တိုင်းတာချက်များသည် သက်သေခံလက်မှတ်များကို နှောင့်နှေးစေပြီး အဓိက ကုန်စည်များဖြစ်သော လေအေးပေးစက်များ၊ ပလတ်စတစ်အလုံးများ၊ ဖိုက်ဘာအမျှင်များနှင့် ကော့ပါးဖြင့် ပြုလုပ်သော ထုတ်ကုန်များ၏ ပို့ကုန်အပေါ် သက်ရောက်မှုရှိစေကြောင်း၊ အဓိကကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများအကြား ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားနေခြင်းကြောင့် ကမ္ဘာ့ဝယ်လိုအား အားနည်းနေသေးကြောင်း၊ အိန္ဒိယမှ ပို့ကုန်များလျော့ ကျခဲ့ပြီး ကျောက်မျက်နှင့်လက်ဝတ်ရတနာထုတ်လုပ်မှုကဏ္ဍတွင်လည်း ကျဆင်းခဲ့ကြောင်း၊ ပါရှန်းပင်လယ်ကွေ့ (Persian Gulf) အတွင်း ပဋိပက္ခများကြောင့် ရေနံစိမ်းဈေးနှုန်းများမြင့်တက်ခဲ့ပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်အပေါ် သက်ရောက်မှုရှိကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ် ပထမ ၁၁ လအတွင်း ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၇.၇ ဘီလီယံရှိခဲ့ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၁၄.၈ ဘီလီယံရှိခဲ့ကြောင်း၊ အဓိက ပို့ကုန်များမှာ ပလတ်စတစ်အလုံးများ၊ အဆီနှင့် တိရစ္ဆာန်များ၊ ဓာတု ပစ္စည်းများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ၊ သံနှင့်သံမဏိတို့ဖြစ်ပြီး တင်သွင်းကုန်များမှာ ကျောက် မျက်တုံးများ၊ ငွေနှင့် ရွှေတုံးများ၊ စက်ယန္တရားနှင့် အစိတ်အပိုင်းများ၊ သတ္တုအပိုင်းအစများ၊ တွင်းထွက် သတ္တုများ၊ ဓာတုနှင့် အပင်အခြေခံထုတ်ကုန်များ ဖြစ်ကြောင်း သိရှိရပါသည်။

          အိန္ဒိယနိုင်ငံသို့ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက်  အိန္ဒိယပြည်နယ် ၁ ခုဖြစ်သော ဂူဂျာရတ် (Gujarat) တွင် ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပမည့် “၁၀ ကြိမ်မြောက် Vibrant Gujarat Global Summit” သို့ ပါဝင်တက်ရောက်ရန် ကိုယ်စားလှယ်အဖွဲ့စေလွှတ်နိုင်ရေး စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီစဉ်နေပါကြောင်း၊ ဩစတြေးလျ၊ ဖင်လန်၊ ဂျာမနီ၊ ဂျပန်၊ မလေးရှား၊ နယ်သာလန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဗီယက် နမ် အပါအဝင် ၂၉ နိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ စက်ရုံများသည် အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြသမည့် ပြခန်းတစ်ခုနှင့် ထိုင်းနိုင်ငံ EEC တွင် အိန္ဒိယရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်မည့် ဆွေးနွေးပွဲများ စီစဉ်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ ဂူဂျာရတ်သည် အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်မှု၊ အထူးစီးပွားရေးဇုန်များနှင့် တစ်နေရာတည်းတွင် ရင်းနှီးမြှုပ်နှံမှုဝန်ဆောင်မှု စီစဉ်ဆောင်ရွက်ထားမှုစသည်တို့ဖြင့် ဖွဲ့စည်းထား သော “Gujarat Model” ဟု ခေါ်တွင်သည့် စံပြပြည်နယ်တစ်ခု ဖြစ်ကြောင်း Mr. Napintorn က ပြော ကြားခဲ့သည်။

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand