China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ Tianjin ဆိပ်ကမ်း၏ ကုန်သွယ်မှုပမာဏမှာ ပထမသုံးလပတ်ကာလအတွင်း မြင့်တက်ခဲ့

Last Updated:

တရုတ်နိုင်ငံမြောက်ပိုင်း Tianjin ဆိပ်ကမ်းသည် ၂၀၂၀ ပထမသုံးလပတ်ကာလအတွင်း ၎င်း၏နို င်ငံခြားကုန်သွယ်မှု ၄၉၈ ဘီလီယံယွမ် (အမေရိကန်ဒေါ်လာ ၇၂ ဘီလီယံ) ယခင်နှစ်ထက် ၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Tianjin အကောက်ခွန်ဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

အဆိုပါကာလအတွင်း Belt and Road နိုင်ငံများနှင့် ကုန်သွယ်မှုမှာ ၁၈၀.၇၇ ဘီလီယံယွမ်၊ ယခင်နှစ် ထက် ၄၉.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

၎င်း၏ အဓိကကုန်သွယ်မှုမိတ်ဖက်နိုင်ငံများဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများ၊ ဥရောပသမ္မဂ္ဂ၊ အမေရိကန်၊ဩစတြေးလျ၊ တောင်ကိုးရီးယားနှင့် ဘရာဇီးနိုင်ငံတို့ဖြစ်ပြီး ပထမသုံးလပတ် ကာလအတွင်း စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုမှာ ၅၆.၉ ရာခိုင်နှုန်းဖြစ်ကြောင်းသိရှိရပါသည်။

စက်ယန္တရားနှင့် လျှပ်စစ်ပစ္စည်းကိရိယာတင်ပို့မှုမှာ ၄၅.၃ ရာခိုင်နှုန်း (၁၁.၅၆ ဘီလီယံယွမ်) သို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးသံမှူး၊ ပေကျင်းမြို့

Source: https://www.en.people.cn/n3/2023/0506/c90000-20014850.html

Category: China(Beijing)