China(Beijing)

၁၃၃ကြိမ်မြောက်တရုတ်နိုင်ငံ၏ ပို့ကုန်/သွင်းကုန် ပြပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပပြီးစီးခဲ့

Last Updated:

တရုတ်ပြည်တောင်ပိုင်းကွမ်ကျိုးမြို့တွင်ကျင်းပပြုလုပ်သည့် ၁၃၃ ကြိမ်မြောက် တရုတ်နိုင်ငံ၏ ပို့ကုန်/သွင်းကုန်ပြပွဲ(Canton Fair)ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါ သည်။

တရုတ်နိုင်ငံခြားကုန်သွယ်မှုဗဟိုဌာနမှပြောကြားခဲ့ရာ၌ အဆိုပါပြပွဲကို ၁.၅ မီလီယံစတုရန်း မီတာကျယ်ဝန်းသည့်ဧရိယာအတွင်း ကျင်းပပြုလုပ်ခဲ့ပြီး ကုမ္ပဏီပေါင်း ၃၅၀၀၀ ကျော်နှင့် တက်ရောက် သူ ၂.၉ မီလီယံကျော်ရှိခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါပြပွဲအတွင်း ပို့ကုန်စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁.၆၉ ဘီလီယံတန်ဖိုးရှိ သဘောတူ စာချုပ်များ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မျှော်မှန်းထားသည်ထက်ပိုမိုခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါပြပွဲသို့ ပြည်ပဝယ်ယူသူများ ဒေသတွင်းနှင့်နိုင်ငံပေါင်း ၂၂၀ ကျော်မှ Offline သို့မဟုတ် Online ဖြင့်တက်ရောက်ရန်ဖိတ်ကြားခဲ့ပြီး Offline ပြပွဲသို့ ဝယ်ယူသူ ၁ သိန်း ၃သောင်းနီးပါးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ခန့်မှန်းချေအားဖြင့် Belt and Road နိုင်ငံများမှ ထက်ဝက်ကျော်တက် ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ခြင်းက တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုလုပ်ငန်းများသည် ကမ္ဘာ့တန်ဖိုးကွင်းဆက်အတွင်း ပုံမှန်အနေအထားအတိုင်း ဝင်ရောက်လျက်ရှိကြောင်းနှင့် တရုတ်နိုင်ငံသည် နိုင်ငံခြားကုန်သွယ်မှုတွင် အရေးပါလျက်ရှိသည်ကို ပြသနိုင်ခဲ့ကြောင်း ပြပွဲ၏ ပြောရေးဆိုခွင့် ရှိသူ Mr. Xu Bing မှ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

စီးပွားရေးသံမှူး၊ ပေကျင်းမြို့

Source: Canton Fair's offline exhibitions conclude following record foot traffic - People's Daily Online

Category: China(Beijing)