China(Beijing)

ဘရူနိုင်းနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပထမဆုံး ကွန်တိန်နာသင်္ဘော တိုက်ရိုက်ပြေးဆွဲသည့် လမ်းကြောင်း ဖွင့်လှစ်ခဲ့

Last Updated:

ဘရူးနိုင်နိုင်ငံသည် ၎င်း၏တစ်ခုတည်းသော ရေနက်ဆိပ်ကမ်းဖြစ်သည့် Muara ဆိပ်ကမ်းနှင့် တရုတ်နိုင်ငံတောင်ပိုင်းကွမ်းရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Beibu ပင်လယ်ကွေ့ဆိပ်ကမ်းတို့အကြား ကွန်တိန်နာသင်္ဘောပြေးဆွဲသည့် လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါလမ်းကြောင်းသည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံတို့အကြား ပထမဆုံးဖွင့်လှစ်ခဲ့သည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါကွန်တိန်နာသင်္ဘောလမ်းကြောင်းသစ်ဖွင့်ဖွဲအခမ်းအနား၌ ဘရူးနိုင်းနိုင်ငံဝန်ကြီးချုပ်ရုံး၏ ဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့်စီးပွားရေး ဒုတိယဝန်ကြီး Haji Mahd Amin Liew မှ ကွန်တိန်နာသင်္ဘော လမ်းကြောင်းသစ်သည် ဘရူနိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘရူနိုင်း-အင်ဒိုနီးရှား-မလေးရှား- ဖိလစ်ပိုင်စသည့် အရှေ့အာဆီယံတိုးတက်ရေးဧရိယာ(BIMP-EAGA)တွင်း ပို့ကုန်၊ သွင်းကုန်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် အရေးပါပြီး ဈေးကွက်သစ်များ ဖွင့်လှစ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ကွမ်းရှီးဒေသ၏ visiting vice governor ဖြစ်သူ Ms. Cai Lixin မှ ယခုကဲ့သို့ လမ်းကြောင်းသစ် ဖွင့်လှစ်သည့်အခမ်းအနားသည် BIMP-EAGA ဒေသနှင့် တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု များ ခိုင်မာအားကောင်းစေရေးနှင့် နိုင်ငံတကာ ကုန်းမြေ-ပင်လယ် ကုန်သွယ်ရေးစင်္ကြံသစ်တည်ဆောက်မှု အရှိန်မြင့်တင်ရေးတို့အတွက်လည်း အရေးပါသည့် အခမ်းအနားတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သင်္ဘောကွန်တိန်နာလမ်းကြောင်းသစ်သည် တရုတ်နိုင်ငံနှင့်ဘရူနိုင်းနိုင်ငံတို့အကြား နောင်ဆောင်ရွက်မည့် ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် ကြီးမားသည့် သင်္ကေတဖြစ်ကြောင်း Ms. Cai Lixin မှ မှတ်ချက်ပြုခဲ့သည်ဟု သိရှိရပါသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Guangxi Beibu Gulf International Port Group Company Ltd. နှင့် Brunei’s Darussalam Assets တို့သည် ဖက်စပ်ကုမ္ပဏီများအဖြစ်ဆောင်ရွက်၍ ဆိပ်ကမ်းတွင်း အချက်အချာကျသည့် နေရာသစ်တစ်ခုဖြည့်သွင်းသည့်အနေဖြင့် Muara ဆိပ်ကမ်းကွန်တိန်နာဂိတ် လည်ပတ်ရန် ဆောင်ရွက်ခဲ့ကြောင်း ဘရူနိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Xiao Jianguo မှ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကွန်တိန်နာသင်္ဘောလမ်းကြောင်းသစ်ဖွင့်လှစ်ခြင်းသည် တရုတ်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့အကြား ကုန်စည်စီးဆင်းမှုနှင့် အခြေခံအဆောက်အုံချိတ်ဆက်ဆောင်ရွက်မှုတို့အတွက် ရှေ့ဆက်နိုင်မည့် အခြားခြေလှမ်းတစ်ခုဖြစ်ကြောင်းနှင့် ဘရူနိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းများကို ပုံစံအမျိုးမျိုး ချဲ့ထွင်ဆောင်ရွက်ရေး ကြိုးပမ်းအားထုတ်မှုများတွင်လည်း ကူညီပေးနိုင်မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အခမ်းအနားသို့ ဘရူနိုင်းနိုင်ငံအစိုးရအရာရှိကြီးများ၊ တရုတ်နိုင်ငံရှိစီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များနှင့် ဘရူနိုင်းနိုင်ငံအလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များ အပါအဝင် ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Source: Brunei launches 1st direct container shipping route to China (www.gov.cn)

(စီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)