USA

စက်တင်ဘာလအတွင်း အမေရိကန်၏ ငွေကြေးဖောင်းပွမှု (၃.၇) ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သော်လည်း စားသုံးသူဈေးနှုန်းတဖြည်းဖြည်း ကျဆင်းလာခဲ့

Last Updated:

စက်တင်ဘာလအတွင်း အမေရိကန်၏ ငွေကြေးဖောင်းပွမှု (၃.၇) ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သော်လည်း စားသုံးသူဈေးနှုန်း တဖြည်းဖြည်းကျဆင်းလာခဲ့ကြောင်း NBC News အွန်လိုင်းသတင်း၌ ၁၁-၁၀-၂၀၂၃ ရက်နေ့တွင် “Inflation leveled off at 3.7% in September, continuing a gradual consumer price slowdown” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အလုပ်သမားစာရင်းအင်းဗျူရို (Bureau of Labor Statistics) ၏ ထုတ်ပြန်ချက်အရ စားသုံးသူဈေးနှုန်းမှာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင်မြင့်တက်ခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက (၄.၁) ရာခိုင်နှုန်းတိုးလာကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ နှင့် နှိုင်းယှဉ်ပါက (၀.၂) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း၊ စွမ်းအင်နှင့် စားသောက်ကုန်များကို ထည့်သွင်းမတွက်ချက်သည့် Core inflation မှာ ၂၀၂၂ ခုနှစ်၊ စက်တင် ဘာလနှင့်နှိုင်းယှဉ်ပါက (၄.၁) ရာခိုင်နှုန်း၊ အိမ်ခြံမြေဈေးကွက်သည် (၇.၂) ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း၊ သို့ရာတွင် အသုံးပြုပြီးမော်တော်ကားနှင့် ကုန်တင်ကားများ၏ ဈေးနှုန်းမှာကျဆင်းခဲ့သော်လည်း စားသောက်ကုန်ဈေးနှုန်းများမှာ (၃.၇) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်ဗဟိုဘဏ်အတိုးနှုန်းသည် စက်တင်ဘာလတွင် မပြောင်းလဲဘဲ မူလအတိုင်းဆက်ရှိနေခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းကို တိုက်ဖျက်လျက်ရှိကြောင်းအမေရိကန်ဗဟိုဘဏ်ကပြောကြားခဲ့ကြောင်း၊ ငွေကြေးဖောင်းပွမှုသည်လွန်ခဲ့သည့် (၁၂)လအတွင်း ဆက်တိုက်ကျဆင်းခဲ့သော်လည်း၂၀၂၃ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် အနည်းငယ်မြင့်တက်ခဲ့ကြောင်း၊ လောင်စာဆီဈေးနှုန်းမှာ ဩဂုတ်လ တွင်(၁၀) ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း၊ စက်တင်ဘာလအတွင်း ငွေကြေးဖောင်းပွမှုသည် ခန့်မှန်းထားသည် ထက်မြင့်တက်ခဲ့သဖြင့် အမေရိကန်ဗဟိုဘဏ်အနေဖြင့် နိုဝင်ဘာလ (၁) ရက်နေ့တွင် ကျင်းပမည့် အစည်းအဝေး၌ အတိုးနှုန်းကို တိုးမြှင့်သတ်မှတ်နိုင်ကြောင်း၊ Northern Trust မှ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုအကြီးတန်းအရာရှိ Mr. Rual Diaz က စားသုံးသူများနှင့် စီးပွားရေး လုပ်ငန်းများသည် အတိုးနှုန်းမြင့်မားသည့်စိန်ခေါ်မှုကို ရင်ဆိုင်နေကြရပြီး ကျောင်းစရိတ် ချေးငွေပြန်ဆပ်ခြင်းကို ရပ်ဆိုင်းခြင်း၊ လောင်စာဆီဈေးနှုန်းမြင့်တက်ခြင်းနှင့် ငွေစုဆောင်းမှုနည်းလာသဖြင့် စားသုံးသူများ၏ အသုံးစရိတ်ကို ထိခိုက်စေခြင်းတို့ ကြုံတွေ့လျက်ရှိကြောင်း၊ သို့ဖြစ်၍ လာမည့်နှစ်များတွင် စီးပွားရေးတိုးတက်မှုနှုန်းသည် လျော့နည်းမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်)

Category: USA