Thailand

ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံ ဝါကာယာမမြို့တော်တို့အကြား လယ်ယာစိုက်ပျိုးရေးကဏ္ဍအပေါ် ပူးပေါင်း ဆောင်ရွက်ရန် ပိုမိုလေးနက်သော ဆက်ဆံရေးတည်ဆောက်ခဲ့

Last Updated:

ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံ၊ ဝါကာယာမ မြို့တော်တို့အကြား ပရိဘောဂနှင့် လယ်ယာစိုက်ပျိုး‌ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်ထားခဲ့ပါကြောင်း၊ ပူးပေါင်းထုတ်ကုန်ထုတ်လုပ်မှု မြှင့်တင်ရန်နှင့် ပို့ကုန်အခွင့်အလမ် းများ တိုးမြှင့်ရန် ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် နှစ်နိုင်ငံလုပ်ငန်းရှင်များ ချိတ်ဆက်ခြင်းဖြင့် နိုင်ငံတစ်ခုချင်းစီ၏ အားသာချက်များကို မြှင်တင်ရန် ပူးပေါင်းထုတ်ကုန်များ ထုတ်လုပ်သွားရန်ဖြစ်ကြောင်း ဝါကာယာမ Governor ဖြစ်သူ Mr. Kishimoto Shuhei နှင့် တွေ့ဆုံခဲ့မှုတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Phumtham Wechayachai က ပြောကြားခဲ့ပါသည်။

ဝါကာယာမလုပ်ငန်းရှင်များကိုလည်း ထိုင်းနိုင်ငံမှ စိုက်ပျိုးရေးကုန်ကြမ်းများကို ဝါကာယာမသို့ တင်ပို့ခွင့်ပြုရန် ဆွေးနွေးလိုကြောင်း၊ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ThaiFex-Anuga Asia 2023 ပြပွဲတွင် လာရောက်ပြသခဲ့သည့် Nakata Foods Co သည် ထိုင်းနိုင်ငံမှ ဖျော်ရည်သီး (Passion Fruit) ကို တင်သွင်း၍ အဖျော်ယမကာထုတ်လုပ်ရန် စိတ်ဝင်စားမှုရှိပါကြောင်း၊ ကုမ္ပဏီ ၂ ခု အကြား ဆွေးနွေးညှိနှိုင်းနေပါကြောင်း၊ အခြားကုမ္ပဏီများက ထိုင်းထုတ်ကုန်များကို တင်သွင်းရန်ဆန္ဒရှိပါက ဝန်ကြီးဌာနအနေဖြင့် အပြည့်အဝကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားပါသည်။

ထိုင်းအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနနှင့် ဝါကာယာမတို့အကြား ကုန်သွယ်မှုနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာကို ၂၀၁၉ ခုနှစ် မေလ ၂၈ ရက်နေ့တွင် လက်မှတ်ရေးထိုးထားပါ ကြောင်း၊ ပရိဘောဂကဏ္ဍတွင် တီထွင်ဆန်းသစ်ခြင်းနှင့် တန်ဖိုးမြှင့်တင်ရန် ဗဟုသုတများမျှဝေရေးအတွက် ထိုင်းပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအကြား ပူးတွဲအစည်း အဝေး ကျင်းပခဲ့ပါကြောင်း ဝန်ကြီးကဖြည့်စွက်ပြောကြားပါသည်။

ဝါကာယာမသည် ဂျပန်နိုင်ငံ Kansai ဒေသတွင်ရှိပြီး အိုဆာကာ၊ နာရာနှင့် Mie တို့နှင့် နယ်နိ မိတ် ထိစပ်နေပါကြောင်း၊ ဝါကာယာမရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် ချည် မျှင်အထည်၊ ပရိဘောဂ၊ လယ်သာထုတ်ကုန်၊ စက်ပစ္စည်းနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ၊ ရေနံ၊ ဓာတု၊ သံမဏိ၊ စက်ပစ္စည်းနှင့် အစားအစာထုတ်လုပ်ခြင်းတို့ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် သတ်မှတ်ချက်များနှင့်ကိုက်ညီပါက ဂျပန်နိုင်ငံတွင် အမြင့်ဆုံးထောက်ပံ့ကြေးဖြစ်သည့် ယန်း ၁၀ ဘီလီယံ အထောက်အပံ့ပေးပါကြောင်း၊ လုပ်ငန်းသစ်များနှင့် စက်ရုံချဲ့ထွင်ရေးအတွက် ချေးငွေရယူနိုင်ကြောင်း သိရှိရပါသည်။

 

 

Source: www.bangkokpost. gov၊

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand