China(Nanning)

တရုတ်-လာအိုရထားလမ်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးလျက်ရှိ

Last Updated:

၂၀၂၃ ခုနှစ်သည် တရုတ်-လာအို မီးရထားလမ်းကို လွန်ခဲ့သည့် တစ်နှစ်ကျော်က တရားဝင် ဖွင့်လှစ်ဖြစ်စေခဲ့သော Belt and Road Initiative ၏ (၁၀) နှစ်မြောက် နှစ်ပတ်လည်ဖြစ်၍ တရုတ်နှင့် လာအိုနိုင်ငံတို့အတွက် ထူးခြားသည့်နှစ်ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့အရေးကြီးသော နှစ်ပတ်လည်တွင် China-Laos Belt and Road Cooperation Forum ကို လာအိုနိုင်ငံ၊  ဗီယင်ကျန်းမြို့၌ (၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၅ ) ရက်နေ့တွင် ကျင်းပခဲ့ပြီး အဆိုပါဖိုရမ်တွင် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း Belt and Road Initiative အောက်၌ တရုတ်နှင့် လာအိုပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများကို ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

Belt and Road မိတ်ဖက်များအဖြစ် တရုတ်နှင့် လာအိုနိုင်ငံတို့သည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ လုပ်ဆောင်ရန် ကတိပြုကြကြောင်း၊ ၂၀၂၂ ခုနှစ်တွင် တရုတ်နှင့် အာဆီယံတို့အကြား ကုန်သွယ်မှုသည် (၁၅) ရာခိုင်နှုန်း တိုးတက်လာပြီး ၎င်းတို့အနက် တရုတ်နှင့် လာအိုနိုင်ငံတို့အကြား ကုန်သွယ်မှုမှာ (၂၀) ရာခိုင်နှုန်းကျော် တိုးလာကြောင်း တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ သိရှိရပါသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖွင့်လှစ်ခဲ့သော တရုတ်-လာအိုရထားလမ်းသည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုကိုများစွာ တိုးတက်စေခဲ့ကြောင်း၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့နှင့် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တို့ကို တိုက်ရိုက်ဆက်သွယ်ပေးသည့် ကီလိုမီတာ (၁၀၃၅) ရှည်လျားသည့် ရထားလမ်းသည် ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်တွင် ကုန်စည်တန်ချိန် (၉.၆၂) သန်း သယ်ယူခဲ့ပြီး ယခင်နှစ်ထက် (၉၄.၇) ရာခိုင်နှုန်း တိုးမြင့်လာကြောင်း China News က ဖော်ပြထားကြောင်း သိရှိရပါသည်။

ဖိုရမ်တွင် တရုတ်-လာအို မီးရထားလမ်း၏ ဒေသတွင်း အကျိုးသက်ရောက်မှုကို တရုတ်နှင့် နိုင်ငံခြားပညာရှင်များက ထပ်လောင်းပြောကြားခဲ့ကြပြီး ရထားလမ်းသည် သယ်ယူပို့ဆောင်ရေး နည်းလမ်းတစ်ခုဖြစ်ရုံသာမက တရုတ်၊ လာအို၊ ထိုင်းနှင့် အခြားအာဆီယံနိုင်ငံများကို ချိတ်ဆက်ပေးသည့် အဓိက အခြေခံအဆောက်အဦး တစ်ခုဖြစ် ကြောင်း China Center for International Economic Exchanges (CCIEE) မှ စီးပွားရေးပညာရှင် ချန်ဝမ်လင်းက ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံသည် Belt and Road Initiative တွင် ပါဝင်သည့် နိုင်ငံများနှင့် ပြည်သူများအတွက် အခွင့်အလမ်းများ ဆောင်ကြဉ်းပေးရန် လက်တွေ့ကျသော လုပ်ဆောင်ချက်များကို ဆောင်ရွက်နေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်-လာအိုရထားလမ်းသည် ပတ်ဝန်းကျင်ဒေသများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးခဲ့ပြီး နှစ်နိုင်ငံအကြား အရေးပါသော ပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် တရုတ်-လာအိုစီးပွားရေးစင်္ကြံကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ လာအိုနိုင်ငံ၊ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ Development Research Institute (DRI)၏ ညွှန်ကြားရေးမှူးချုပ် Sitthiroth Rasphone က တရုတ်-လာအို စီးပွားရေးစင်္ကြံသည် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုတိုးတက်စေမည်ဖြစ်ပြီး တရုတ်-လာအို ရထားလမ်းတစ်လျှောက်ရှိ ဒေသများ၏ သာယာဝ ပြောရေးကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

 

 

 

Source:https://news.cgtn.com/news/2023-07-06/China-Laos-Railway-boosts-economic-development-1ldCEZ8I4uI/index.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)