Thailand

နိုင်ငံတွင်း ကာဗွန်ထုတ်လွှတ်မှု လျှော့ချစေရေးအတွက် ကာဗွန်အခွန်ကောက်ခံရန် ထိုင်းနိုင်ငံ၊ ယစ်မျိုး ခွန်ဦးစီးဌာနလျာထား

Last Updated:

စွမ်းအင်နှင့် ပို့ဆောင်ရေးကဏ္ဍများတွင် ကာဗွန်ထုတ်လွှတ်မှု လျှော့ချစေရေးအတွက် ကာဗွန်အခွန်ကောက်ခံသွားရန် စဉ်းစားထားကြောင်း၊ ကမ္ဘာနှင့်အဝှမ်း ပတ်ဝန်းကျင်ဆိုင်ရာအလေးထားမှုများကို ဦးစားပေးနေပြီဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့်လည်း လက်ခံရန်လိုအပ်သလို လက်ခံရန် လည်း ဖိအားပေးရန် လိုအပ်ကြောင်း “Road to Net Zero” ဆွေးနွေးပွဲတွင် ယစ်မျိုးခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Ekniti Nitithanprapas က ပြောကြားခဲ့ပါသည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ၎င်းတို့နိုင်ငံအတွင်းသို့ တင်သွင်းလာသော ကုန်စည်များအပေါ် ကောက်ခံရန် လျာထားကြောင်း၊ ဥရောပသမဂ္ဂက အောက်တိုဘာလတွင် ၎င်း၏ ကာဗွန်ချိန်ညှိ မှုနည်းလမ်း (Carbon Border Adjustment Mechanism-CBAM) အရ တင်သွင်းလာသော ကုန်စည် ၇ မျိုးအပေါ် ကောက်ခံသွားမည်ဖြစ်ကြောင်း၊ သံနှင့် သံမဏိ၊ အလူမီနီယမ်၊ ဘိလပ်မြေ၊ ဓာတ်မြေဩဇာ၊ လျှပ်စစ်၊ ဟိုက်ဒရိုဂျင်နှင့် သံမဏိနှင့် ပြုလုပ်ထားသည့် ဝက်အူရစ်များဖြစ်ကြောင်း၊ နောင်တွင် ပစ္စည်းအမျိုးအစား အများအပြား အပေါ် ကောက်ခံလာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

အမေရိကန်က Clean Competition Act ကို လက်ခံရန် စဉ်းစားလျက်ရှိပြီး အစိမ်းရောင်ဖန်လုံ အိမ်ဓာတ်ငွေ့မြင့်မားစွာ ထုတ်လွှတ်သော ထုတ်ကုန်များအပေါ် ကောက်ခံရန် ဖြစ်ကြောင်း၊ နိုင်ငံတွင်း သာမက CBAM မှတစ်ဆင့် တင်သွင်းလာသည့် ထုတ်ကုန်များလည်း ပါဝင်ကြောင်း၊ ယစ်မျိုးခွန်ဦးစီး ဌာနအနေဖြင့် စွမ်းအင်ကဏ္ဍရှိ ကာဗွန်အခွန်တည်ဆောက်ပုံကို လေ့လာနေဆဲဖြစ်ကြောင်း၊ လောင်စာမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရန် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံအစိမ်းရောင်ဖန်လုံအိမ်စီမံ ခန့်ခွဲမှုအဖွဲ့တို့နှင့်ပူးပေါင်း၍ အခွန်တည်ဆောက်ပုံကို မူကြမ်း ရေးဆွဲနေပါကြောင်း၊ အမေရိကန်နှင့် ဥရောပနိုင်ငံများသို့ တင်ပို့လျက်ရှိသော ပို့ကုန်များအပေါ် အခွန်ဖြတ်တောက်ရန်ဖြစ်ကြောင်း၊ ပြည် တွင်းလုပ်ငန်းများသည်လည်း ကာဗွန်ထုတ်လွှတ်ခြင်းကို တိုင်းတာသည့် စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ၃ နှစ်အတွင်း  ဥရောပသမဂ္ဂ၏ စံနှုန်းအတိုင်းဖြစ်ရန်ဖြစ်ပါကြောင်း ဆက်လက်ပြောကြားပါသည်။

ထိုင်းနိုင်ငံသည် နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် တန် သန်း ၄၀၀ ထုတ်လွှတ်လျက်ရှိကြောင်း၊ စွမ်းအင်နှင့် ပို့ဆောင်ရေးမှ ၇၀ ရာခိုင်နှုန်း ပါဝင်ကြောင်း၊ ပို့ဆောင်ရေးကဏ္ဍအတွက် ခရီးသည်တင်ယာဉ်များတွင် ကာဗွန်ထုတ်လွှတ်မှုပေါ်မူတည်၍ အခွန်နှုန်းထားပြောင်းလဲ ကောက်ခံသွားမည် ဖြစ် ကြောင်း၊ ထိုင်ခုံ ၁၀ ခုံထက်နည်းပြီး အင်ဂျင်ပါဝါ ၃,၀၀၀ ကုဗစင်တီမီတာ သို့မဟုတ် နည်းသော ခရီး သည်တင်ယာဉ်များသည် ၁ ကီလိုမီတာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ၁၀၀ ဂရမ် ထက်နည်း၍ ထုတ် လွှတ်ပါက  အခွန် ၂၅ ရာခိုင်နှုန်း၊ ၂၀၀ ဂရမ်ထက်နည်းပါက ၃၀ ရာခိုင်နှုန်း အသီးသီး ကောက်ခံသွား မည် ဖြစ်ကြောင်း၊ တင်သွင်းလာသော EV များအတွက် အခွန် ၈ ရာခိုင်နှုန်း သတ်မှတ်ထားသော်လည်း အစိုးရ၏ ထောက်ပံ့မှုအစီအမံများအဖြစ် ၂ ရာခိုင်နှုန်းဖြင့် ယာယီကောက်ခံလျက်ရှိကြောင်း သိရှိရပါသည်။       

 

 

Source: www.bangkokpost. gov၊

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand