USA

အမေရိကန်နိုင်ငံသို့ တင်ပို့သည့် တရုတ်နိုင်ငံ၏ ပို့ကုန်များ လေးလအတွင်း ကျဆင်းခဲ့

Last Updated:

အမေရိကန်နိုင်ငံသို့ တင်ပို့သည့် တရုတ်နိုင်ငံ၏ ပို့ကုန်များ လေးလအတွင်းကျဆင်းခဲ့ကြောင်းကို ၇-၉-၂၀၂၃ ရက်တွင် World Street Journal အွန်လိုင်းသတင်းတွင် “China Exports Fall for a Fourth Month as Once-Reliable Growth Engine Sputters” ခေါင်းစဉ်ဖြင့် ဖော်ပြထားရှိပါသည်။  

တရုတ်နိုင်ငံမှ ကမ္ဘာတစ်ဝှမ်းသို့ တင်ပို့သည့် ပို့ကုန်များမှာ ယခုနှစ် ဩဂုတ်လအတွင်း ကျဆင်းခဲ့ပြီး၊ တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့ထုတ်ကုန်များ၏ ဝယ်လိုအားကို ထိန်းထားနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ အနောက်နိုင်ငံများမှ စားသုံးသူများအနေဖြင့် စမတ်ဖုန်း၊ ပရိဘောဂနှင့် အခြားကုန်ပစ္စည်းများတွင် ငွေသုံးစွဲမည့်အစား ဝန်ဆောင်မှုများတွင်ငွေသုံးစွဲလာခဲ့ကြကြောင်း၊ ချေးငွေအတိုးနှုန်းမြင့်မားခြင်းမှာလည်း အမေရိကန်စားသုံးသူများ၏ ဝယ်သူအကြိုက်ကို ပြောင်းလဲစေခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျော့ခဲ့ပြီး ဖြစ်သော် လည်း ဩဂုတ်လအတွင်း တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်သွင်းသည့်သွင်းကုန် ပမာဏလျော့ကျခဲ့ပါကြောင်း၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေး ကြောင့် အမေရိကန် ကုမ္ပဏီအများစုသည် ၎င်းတို့အတွက်ကုန်စည်ထောက်ပံ့မှုများကို အိန္ဒိယကဲ့သို့သော အခြားအာရှ နိုင်ငံများသို့ ပြောင်းရွေ့ခဲ့ကြသဖြင့် တရုတ်ကုန်စည်များအပေါ် အမေရိကန်၏မှီခိုမှုညွှန်းကိန်း (America’s reliance on goods from China) တွင် သိသာစွာကျဆင်းခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံမှသွင်းကုန်ပမာဏသည် အမေရိကန်သွင်းကုန်စုစုပေါင်း၏ (၂၁.၆) ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်၊ ပထမ(၆)လအတွင်း တရုတ်နိုင်ငံမှသွင်းကုန်ပမာဏမှာ (၁၃.၃) ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ရာ ၂၀၀၃ ခုနှစ်နောက်ပိုင်းကာလ၌ သွင်းကုန်ရာခိုင်နှုန်း အနည်းဆုံးဖြစ်ကြောင်းဖြင့် ဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA