USA

သန့်ရှင်းသည့်စွမ်းအင်(Clean Energy) နည်းပညာကို ထောက်ပံ့ရန် ချေးငွေအမေရိကန်ဒေါ်လာ (၅၆၈) သန်း ထုတ်ချေးခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အတည်ပြုဖော်ပြ

Last Updated:

သန့်ရှင်းသည့်စွမ်းအင် (Clean Energy) နည်းပညာကို ထောက်ပံ့ရန်ချေးငွေအမေရိကန်ဒေါ်လာ (၅၆၈) သန်း ထုတ်ချေးခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အတည်ပြုဖော်ပြကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဌာန၏ ဝက်ဘ်ဆိုက်၌ ၄-၁၂-၂၀၂၃ ရက်နေ့တွင် “Treasury Affirms Support for Clean Technology Fund through $568 Million Loan that Advances U.S. Climate Commitments, Just Energy Transition Partnerships and MDV Evolution” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen က ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် Clean energy များ ဖြန့်ဝေရန်ဆောင်ရွက်နေသည့် နိုင်ငံတကာရန်ပုံငွေအဖွဲ့ဖြစ်သော Clean Technology Fund (CTF) သို့ ချေးငွေအမေရိကန်ဒေါ်လာ (၅၆၈)သန်း ထုတ်ချေးရန်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု“ရာသီဥတုပြောင်းလဲမှုအတွက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ” ဆွေးနွေးပွဲတွင်ပြောကြားခဲ့ပါကြောင်း၊ အမေရိကန်လွှတ်တော်၏ ခွင့်ပြုချက်ဖြင့် အဆိုပါချေးငွေကို ထုတ်ချေးခဲ့ခြင်းဖြစ်ပြီး  အမေရိကန်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုနှင့် ပတ်သက်သည် ကတိကဝတ်များကို ဖော်ဆောင်ရန်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်မှစ၍ အမေရိကန်နိုင်ငံသည် CTF အား အတိုးနှုန်းသက်သာသည့် ချေးငွေ အမေရိကန်ဒေါ်လာ (၁.၅) ဘီလီယံကျော် ပံ့ပိုးပေးခဲ့ကြောင်း၊ ချေးငွေအမေရိကန်ဒေါ်လာ (၅၆၈) သန်းဖြင့် အာဖရိကဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Africa Development Bank)၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Asian Development Bank)၊ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဥရောပဘဏ် (European Bank for Reconstruction and Development)၊ အမေရိကတိုက်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Inter-American Development Bank Group) နှင့် ကမ္ဘာ့ဘဏ် (The World Bank Group) စသည့် နိုင်ငံစုံဖွံ့ဖြိုးရေးဘဏ်များက ဆောင်ရွက်နေသည့် CTF ၏ စီမံကိန်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ပုဂ္ဂလိကကဏ္ဍအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကူးပြောင်းခြင်းနှင့်ပတ်သက်၍ အထောက်အကူပေးနိုင်မည့် နည်းလမ်းသစ်တစ်ခုဖြစ်သော CIF Capital Market Mechanism ကို ၂၀၂၄ ခုနှစ်တွင် စတင်မိတ်ဆက်သွားမည်ဟုလည်း ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA