Korea

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း မြင့်မားခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးအလားအလာကို မှေးမှိန်စေသည်ဟု KDI ခန့်မှန်း

Last Updated:

တောင်ကိုရီးယားနိုင်ငံတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများအပါအဝင်  ပြည်တွင်းကုန်စည်များ ထုတ်လုပ်မှုအခြေအနေ ပြန်လည်တိုးတက်ကောင်းမွန်လာသည့်အပြင် ဝန်ဆောင်မှုကဏ္ဍသည်လည်း အတန်အသင့်တိုးတက်မှုရှိနေပါကြောင်း၊ သို့သော် ပြင်ပအချက်အလက်များဖြစ်သည့် ကမ္ဘာ့ ရေနံစိမ်းဈေးနှုန်းမြင့်မားခြင်းနှင့် အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ ပြည်တွင်းစီးပွားရေးအခြေအနေ ကောင်းမွန်မှုမရှိခြင်းတို့ကြောင့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးအလား အလာသည်လည်း မကြာခင်ကာလအတွင်း ကောင်းမွန်မှုမရှိနိုင်သေးကြောင်း ကိုရီးယားဖွံ့ဖြိုးတိုး တက်ရေးတက္ကသိုလ် (The Korea Development Institute- KDI) က ၇-၉-၂၀၂၃ ရက်နေ့တွင် ထုတ်ဝေခဲ့သည့် လစဉ်စီးပွားရေးလေ့လာဆန်းစစ်မှု အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

တောင်ကိုရီးယားနိုင်ငံသည် ပြည်ပသို့ပို့ကုန်တင်ပို့မှု ကျဆင်းနေခြင်းကို ရင်ဆိုင်နေရသည့်အပြင် ပြင်ပမှမသေချာမရေရာမှုများကိုလည်း ကြုံတွေ့နေရပါကြောင်း၊ အဓိကကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွားရေးမတည်ငြိမ်မှုနှင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ မြင့်မားခြင်းတို့ကြောင့် ငွေကြေးဖောင်းပွမှုူနှင့်စပ်လျဉ်းသည့် ဖိအားများလာပြီး ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများတွင်လည်း မသေချာမရေရာမှုများကို ကြုံတွေ့နေရပါကြောင်း၊ တရုတ်နိုင်ငံပြည်တွင်း အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်းရှိ ကုမ္ပဏီများသည် ဘဏ္ဍာရေးဆိုင်ရာမတည်ငြိမ်မှုများကို ကြုံတွေ့နေရသည့်အပြင် ယင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းနေခြင်းကို ရင်ဆိုင်နေရပါကြောင်း၊ အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်က အတိုးနှုန်းကိုထပ်မံမြှင့်တင်နိုင်သည်ဆိုသော ခန့်မှန်းချက်များက လည်း မသေချာမရေရာမှုများကို ပိုမိုဆိုးဝါးလာစေပါကြောင်း၊ တောင်ကိုရီးယားပြည်တွင်းတွင် လည်း လယ်ယာထွက်ကုန်နှင့် ကုန်ထုတ်ပစ္စည်းများဈေးနှုန်းများမြင့်မားမှုကြောင့် ဩဂုတ်လအတွင်း စားသုံးသူဈေးနှုန်းများသည် ၃.၄ ရာခိုင်နှုန်းမြင့်မားခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း ရောက် ရှိခဲ့သည့် အမြင့်ဆုံးနှုန်းထားဖြစ်သည့် ၃.၇ ရာခိုင်နှုန်းကို မမှီသေးသော်လည်း အလွန်မြင့်မားသောနှုန်းဖြင့် မြင့်တက်လာပါကြောင်း၊ ယင်းသို့စားသုံးသူဈေးနှုန်းများမြင့်မားခြင်းသည် စီးပွားရေးကျဆင်းမှုကို လျော့ပါးအောင်ဆောင်ရွက်ရာတွင်အဟန့်အတားဖြစ်စေကြောင်း KDI ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

 

 

 

Source; https://www.koreatimes.co.kr/www/biz/2023/09/488_358702.html

( စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea