Thailand

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ မော်တော်ကား ထုတ်လုပ်မှုသည် အစီးရေ ၂ သန်းထိ ရောက်ရှိနိုင် မည်ဟု ထိုင်းစက်မှုလက်မှုအသင်းချုပ်က ခန့်မှန်းထား

Last Updated:

ထိုင်းနိုင်ငံတွင်းသာမက ပြည်ပနိုင်ငံများတွင်ပါ စီးပွားရေးအရ စိန်ခေါ်မှုများ ရှိနေသော်လည်း ၂၀၂၄ ခုနှစ်အတွင်း လျှပ်စစ်မော်တော်ကား (Electric Vehicle-EV) အပါအဝင် မော်တော်ကား ထုတ် လုပ်မှုသည် အစီးရေ ၂ သန်းသို့ ရောက်ရှိနိုင်ကြောင်း ထိုင်းစက်မှုလက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ Mr. Surapong Paisitpatanapong က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း ပို့ကုန်အတွက် ထုတ်လုပ်မှုမြင့်တက်ခဲ့သဖြင့် မော်တော်ကားအစီးရေသည် ၁.၈၅ သန်းထိ ရောက်ရှိခဲ့ကြောင်း၊ ကမ္ဘာ့ EV ထုတ်လုပ်သူများက ထိုင်းနိုင်ငံကို ပို့ကုန်အခြေစိုက်အဖြစ် အသုံးပြုလိုကြသောကြောင့် ယခုနှစ်အတွင်း ပြည်တွင်း EV ထုတ်လုပ်မှုသည် ပို့ကုန်ကဏ္ဍတွင် အဓိက အခန်းကဏ္ဍ၌ ပါဝင်ပါကြောင်း၊ ဝယ်လိုအားမြင့်တက်လာသဖြင့် EV ပြုလုပ်သူများက ယခုနှစ်မှစ၍ ထုတ်လုပ်မှုကို စတင်မည်ဖြစ်ကြောင်း၊ BYD က Rayong စက်မှုဇုန်တွင် မြေ ၆၀၀ ဧက ဝယ်ယူ၍ အာဆီယံ၌ ၎င်း၏ ပထမဆုံးဘတ္တရီ EV စက်ရုံကို ၂၀၂၄ ခုနှစ်တွင် လည်ပတ်ရန်လျာထားကြောင်း ကြေညာခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၁၇.၈ ဘီလီယံရှိသော ရှန်ကျန်း (Shenzhen) အခြေစိုက် မော်တော် ကား ပြုလုပ်သူက နှစ်စဉ်အစီးရေ ၁၅၀,၀၀၀ ထုတ်လုပ်နိုင်သော EV စက်ရုံတည်ဆောက်ရန် လျာထားပါကြောင်း၊ ၂၀၂၂ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း EV ထုတ်လုပ်မှုနှင့် ဝယ်ယူမှု မြှင့်တင်ရန် အခွန်ဖြတ် တောက်ခြင်းနှင့် ထောက်ပံ့မှုပေးသည့် အစိုးရ၏ EV မက်လုံးပေးအစီအစဉ်နှင့် ဈေးနှုန်းများကြောင့် EV သည် လူကြိုက်များလာပါကြောင်း၊  အတွင်းပိုင်းလောင်ကျွမ်းအင်ဂျင်နေရာတွင် EV ဖြင့် အလုံးစုံအစား ထိုးရန်မှာ ကာလတိုတွင်မဖြစ်နိုင်ပါကြောင်း၊ အနည်းဆုံး ၆ နှစ်မှ ၁၀ နှစ် ကြာမြင့်နိုင်ကြောင်း Mr. Surapong က သုံးသပ်ထားပါသည်။

စီးပွားရေးပြဿနာများသည် မော်တော်ကားစက်မှုနယ်ပယ်ကို ထိခိုက်နိုင်သဖြင့် အသင်းအနေဖြင့် ကမ္ဘာနှင့် ပြည်တွင်းစီးပွားရေးအခြေအနေများကို အမြဲမပြတ်စောင့်ကြည့်နေပါကြောင်း၊ ရုရှား-ယူကရိန်းနှင့် အစ္စရေး-ဟားမားစ် ပဋိပက္ခများအပြင် ပင်လယ်နီအတွင်းရှိ တင်းမာမှုများသည် သင်္ဘောလမ်းကြောင်းများနှင့် ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်များကို ထိခိုက်စေကြောင်း၊ ထိုင်းနိုင်ငံ၌ အိမ်ထောင်စုကြွေးမြီမြင့်တက်လာခြင်းသည် ပြည်တွင်းမော်တော်ကား အရောင်းဈေးကွက်ကို ခြိမ်းခြောက်လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အိမ်ထောင်စုကြွေးမြီသည် GDP ၏ ၉၀ ရာခိုင်နှုန်း အထက်တွင်ရှိနိုင်မည်ဟု ခန့်မှန်းထားခဲ့ကြောင်း Mr. Surapong က ဖြည့်စွက်ပြောကြားခဲ့သည်။

 

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand