China (Kunming)

တရုတ်နိုင်ငံ၏ ဝန်ဆောင်မှု ကုန်သွယ်ရေးသည် လျင်မြန်စွာ ဖွံ့ဖြိုးလာခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ တိုးလာ

Last Updated:

တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်ရေးသည် ယခုနှစ် ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်တွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာခဲ့ပြီး ခရီးသွားလာမှုဆိုင်ရာ ဝန်ဆောင်မှုများ လျင်မြန်စွာ တိုးလာကြောင်း ဧပြီလကုန်၌ ထုတ်ပြန်ခဲ့သည့် တရားဝင်အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်ရေးသည် ပထမသုံးလပတ်အတွင်း ယွမ် ၁ ဒသမ ၈၂ ထရီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၂၅၆ ဘီလီယံခန့်) ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၄ ဒသမ ၇ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဝန်ဆောင်မှု တင်ပို့မှုအနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း တန်ဖိုးယွမ် ၇၄၄ ဒသမ ၂ ဘီလီယံရှိပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ယခင်နှစ်ထက် ၉ ဒသမ ၄ ရာခိုင်နှုန်း မြှင့်တက်လာပြီး ဝန်ဆောင်မှု တင်သွင်းမှုတွင် တစ်နှစ်ထက်တစ်နှစ် ၁၈ ဒသမ ၇ ရာခိုင်နှုန်း မြှင့်တက်လာ၍ တန်ဖိုး ယွမ် ၁ ဒသမ ၀၇ ထရီလီယံကျော်အထိ ရှိလာသဖြင့် ဝန်ဆောင်မှုကုန်သွယ်ရေးလိုငွေမှာ ယွမ် ၃၂၈ ဒသမ ၃၄ ဘီလီယံအထိ ရှိခဲ့သည်။

ခရီးသွားဝန်ဆောင်မှုများသည် ပထမသုံးလပတ်တွင် ထူးခြားသော စွမ်းဆောင်ရည်ကို ဖော်ထုတ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍတွင် အဓိက မဏ္ဍိုင်တစ်ခုဖြစ်လာခဲ့သည်။ ခရီးသွားဝန်ဆောင်မှုများ၏ တင်သွင်းမှုနှင့် တင်ပို့မှုတို့သည် ပထမသုံးလပတ်တွင် ယွမ် ၄၈၀ ဒသမ ၀၈ ဘီလီယံ ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၂ ဒသမ ၂ ရာခိုင်နှုန်း သိသိသာသာ တိုးလာခဲ့သည်။ အသိပညာအထူးပြုသော ဝန်ဆောင်မှုများ ကုန်သွယ်မှုတွင် တစ်နှစ်ထက်တစ်နှစ် ၅ ဒသမ ၆ ရာခိုင်နှုန်း မြှင့်တက်လာခဲ့ပြီး တန်ဖိုးအားဖြင့် ယွမ် ၇၃၃ ဒသမ ၂၆ ဘီလီယံအထိ တိုးလာခဲ့ကြောင်း သိရှိရသည်။

 

 

http://en.people.cn/n3/2024/0501/c90000-20163994.html

လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: China (Kunming)