Korea

တောင်ကိုရီးယားနိုင်ငံ၏ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သုံး ဘတ်စ်ကားများအားလုံးကို ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထား၍ ဟိုက်ဒရိုဂျင်စွမ်းအင် သုံးကားများဖြင့် အစားထိုးသွားမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံရှိ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်ဆိုးလ်မြို့တို့အကြား အသွားအပြန် နေ့စဉ်ပြေးဆွဲပေးနေသည့် ဒီဇယ်စွမ်းအင်သုံး ဘတ်စ်ကားအစီးရေ စုစုပေါင်း ၄၅၀ ကို ၂၀၃၀ ပြည့်နှစ်နောက်ဆုံးထား၍ သန့်ရှင်းသောစွမ်းအင်ဖြစ်သည့် ဟိုက်ဒရိုဂျင်စွမ်း အင်သုံးဘတ်စ်ကား များဖြင့် အစားထိုးသုံးစွဲသွားရေးစီစဉ်နေသည်ဟု ဆိုးလ်မြို့တော်အစိုးရ က ၂၀၂၃ခုနှစ် ဇွန်လ ၇ ရက် နေ့တွင် ကြေညာခဲ့ပါသည်။

လက်ရှိတွင် ဒီဇယ်စွမ်းအင်သုံး ဘတ်စ်ကားအစီးရေ စုစုပေါင်း ၄၅၀ သည် အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် ဆိုးလ်မြို့ရှိ ခရီးသည်များအားနောက်ဆုံးချထားရာ နေရာများအကြား  တစ်ရက်လျှင်နှစ်ကြိမ်စီ  (ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ကီလိုမီတာ ၅၅၀ ဝန်း ကျင်စီ) ပြေးဆွဲ နေရပါကြောင်း၊ ထို့ကြောင့် အဆိုပါကားများမှ ကာဗွန်ထုတ်လွှတ်မှုသည် ဆီဒင်ကားတစ်စီး၏ ကာဗွန်ထုတ်လွှတ်မှုထက် အဆ (၃၀) ပိုမိုပါကြောင်း၊  လက်ရှိတွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးဘတ်စ်ကားများ၏ (၃) ပုံ (၂) ပုံကို ၂၀၂၆ ခုနှစ် နောက်ဆုံးထား၍ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ဘတ်စ်ကားများဖြင့် အစားထိုးသုံးစွဲသွားရေး စီစဉ်ဆောင်ရွက်နေပါကြောင်းနှင့် ၂၀၃၀ ပြည့်နှစ်တွင်မူ ဘတ်စ်ကားများအားလုံးကို ဟိုက်ဒရိုဂျင် စွမ်းအင်သုံးကားများဖြင့် အစားထိုးပြေးဆွဲ သွားမည် ဖြစ်ပါကြောင်း ဆိုးလ်မြို့တော်အစိုးရက ပြောကြားပါသည်။

အဆိုပါစီမံချက်သည် မြို့တော်သုံး ဘတ်စ်ကားများအားလုံးကို အစိမ်းရောင်ပြောင်းလဲရေး အစီအစဉ်နှင့် ကိုက်ညီမှုရှိပါကြောင်း၊ လက်ရှိတွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးဘတ်စ် ကားများအပါအဝင် မြို့တွင်းပြေးဆွဲနေသည့် ဘတ်စ်ကားအစီးရေ စုစု ပေါင်း ၁၃၀၀ စီးကို ၂၀၂၆ ခု နှစ်နောက်ဆုံးထား၍ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးစွဲသွားရေး ဆောင် ရွက်နေပါကြောင်း၊ ၂၀၁၁ ခုနှစ်က ဆိုးလ်မြို့ရှိ ဘတ်စ်ကားအစီးရေ စုစုပေါင်း ၇၄၀၀ စီးကို CNG သုံး ကားများအဖြစ် ပြောင်းလဲခဲ့ပြီး လက်ရှိတွင် အဆိုပါ ၇၄၀၀ စီးအနက် အစီးရေ ၈၃၀ ကို လျှပ်စစ်ဘတ်စ်ကားများဖြင့် အစားထိုးခဲ့ပြီး ၂၇ စီးကို ဟိုက်ဒရိုဂျင်စွမ်းအင်သုံးကားများဖြင့် အစားထိုးပြေးဆွဲနေပြီဖြစ်ပါကြောင်း၊ ဆိုးလ်မြို့၌ ဟိုက်ဒရိုဂျင်စွမ်းအင်ဖြည့်ပေးသည့်ဆိုင် စုစုပေါင်း (၁၃) ခုရှိနေပြီး ထပ်မံ၍လည်း ဆိုးလ်မြို့ရှိ ဘတ်စ်ကားများအတွက် ဝန်ဆောင်မှုများပေးသည့်နေရာ (၅) ခုတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ဆိုးလ်မြို့နေထိုင်သူများကိုလည်း အသစ်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးကားများကိုသာ သုံးစွဲသွားရေး တိုက်တွန်းထားပါကြောင်းနှင့် ၂၀၅၀ ပြည့်နှစ်တွင် ဆိုးလ်မြို့၌ ကာဗွန်သုံးစွဲမှုနှင့် ကာဗွန်ထုတ်လုပ်မှုညီမျှ အောင်လုပ်မည်ဟု ၂၀၂၀ ပြည့်နှစ်က ကြေညာထားခဲ့ပါကြောင်း ဆိုးလ်မြို့တော်အစိုးရက ပြောကြားပါသည်။

 

 

 

Source: The Korea herald

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea