Korea

တောင်ကိုရီးယားနိုင်ငံ၏ လယ်ယာထွက်ကုန်များအား ပြည်ပဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့်နေရာရရှိစေရေး  အစိုးရအသိအမှတ်ပြု "K-Food" Logo အသုံးပြုသွားမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံမှ လယ်ယာထွက်ကုန်များကို ကျန်းမာရေးနှင့်ညီညွတ်သော စား သောက်ကုန်ပစ္စည်းများအဖြစ် ကမ္ဘာက အသိအမှတ်ပြုနိုင်စေရန်ရည်ရွယ်၍ လယ်ယာထွက်ကုန် တင်ပို့သူများ၏ ပို့ကုန်ပစ္စည်းများပေါ်တွင် အစိုးရအသိအမှတ်ပြု အမှတ်တံဆိပ် (Government-Certified Logo) ကပ်ခွင့်ပြုသွားမည်ဟု ကိုရီးယားသမ္မတနိုင်ငံရှိ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က ပြောကြားခဲ့ပါသည်။

တင်ပို့မည့် စားသောက်ကုန်ကို ထုတ်ပိုးထားသည့်အပေါ်(သို့မဟုတ်) စားသောက်ကုန်အပေါ်တွင် "K-Food" ဆိုသည့် အမှတ်တံဆိပ် (Logo) ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်၍ ကပ်ခွင့်ပြုပါကြောင်း၊ အဆိုပါ Logo ကို နိုင်ငံပေါင်း (၂၇) နိုင်ငံတွင် မှတ်ပုံတင်ထားပါကြောင်း၊ အဆိုပါ (၂၇) နိုင်ငံမှာ ဥရောပသမဂ္ဂနိုင်ငံများ ၊ ဂျပန်နိုင်ငံ၊ ထိုင်ဝမ် (တရုတ်နိုင်ငံ)၊ ဟောင်ကောင် (တရုတ်နိုင်ငံ)၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဖိလစ်ပိုင်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ ရုရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ မက္ကဆီကိုနိုင်ငံ၊ ဆော်ဒီအာရေးဗျနိုင်ငံ၊ လာအိုနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ဥဘက်ကစ္စတန်နိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့ ဖြစ်ကြပါသည်။ အဆိုပါ "K-Food" ဆိုသည့် အမှတ်တံဆိပ် (Logo) ကြောင့်တောင်ကိုရီးယားနိုင်ငံ စားသောက်ကုန်ပစ္စည်းများဖြစ်သည်ကို စားသုံးသူများ အလွယ်တကူသိရှိနိုင်မည့်အပြင် အဆိုပါ ဈေးကွက်များရှိ အမျိုးအစားတူ အခြားနိုင်ငံများ၏ မွေးမြူရေးနှင့် လယ်ယာထွက်စားသောက်ကုန်များအကြား ကွဲထွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏ စားသောက်ကုန်ပစ္စည်းများ၏ အရည်အသွေးသည် စားသုံးသူများ၏ ယုံကြည်မှုရနိုင်မည်မှာ သေချာပါကြောင်း စိုက်ပျိုးရေး ၊စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ပြောကြားခဲ့ ပါသည်။

နာမည်မရှိသေးသော၊ ဈေးကွက်ထိုးဖောက်နိုင်စွမ်းအားနည်းသေးသော တောင်ကိုရီးယား နိုင်ငံရှိ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများသည် "K-Food" Logo ကြောင့် ပြည်ပဈေးကွက်များတွင် နေရာကျယ်ကျယ်ပြန့်ပြန့်ရလာနိုင်ပါကြောင်း၊ ၂၀၂၂ ခုနှစ်က မွေးမြူရေးနှင့် လယ်ယာထွက်စားသောက်ကုန်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈.၈ ဘီလီယံရရှိခဲ့ရာ ၂၀၁၈ ခု နှစ်က တင်ပို့ခဲ့သည့်ဝင်ငွေဖြစ်သော အမေရိကန်ဒေါ်လာ ၆.၉ ဘီလီယံထက် ပိုမိုတိုးတက်တင်ပို့ နိုင်ခဲ့ပါကြောင်းနှင့် ၂၀၂၇ ခုနှစ်တွင် မွေးမြူရေးနှင့် လယ်ယာထွက်စားသောက်ကုန်များ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိရရှိရန်မျှော်မှန်းထားပါကြောင်း စိုက်ပျိုးရေး၊စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

           

 

 

Source: https://www.koreatimes.co.kr/www/tech/2023/07/419_354720.html

( စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea