USA

ဒေါ်နယ်ထရမ့်အကောက်ခွန်နှုန်းတိုးမြှင့်ရန် ကြွေးကြော်မှုကြောင့် ဂျာမနီနိုင်ငံ၏ကုန်သွယ်မှုပိုငွေကျဆင်းလာ

Last Updated:

ဂျာမနီနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုတွင် ပိုငွေပြလျက်ရှိပြီး ဂျာမနီနိုင်ငံ၏ ကုန်သွယ်မှုပိုငွေသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ယူရို(၂၂.၅) ဘီလီယံရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ယူရို (၁၈.၂၄) ဘီလီယံသို့ ကျဆင်းခဲ့ကြောင်း၊ ဂျာမနီနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ကုန်တန်ဖိုးသည် (၁၇) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမေရိကန်နိုင်ငံမှ သွင်းကုန်တန်ဖိုးပမာဏသည် မြင့်တက်ခဲ့ကြောင်း၊ ဒေါ်နယ်ထရမ့်ဒုတိယအကြိမ်သမ္မတသက်တမ်း ရွေးကောက်ခံရပြီးနောက်ပိုင်းတွင် ဂျာမနီနိုင်ငံ၏ပို့ကုန်များသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့လာရကြောင်း၊ ဒေါ်နယ်ထရမ့် အနေဖြင့် ဥရောပနိုင်ငံများ၏ ကုန်ပစ္စည်းများအပေါ် အကောက်ခွန်နှုန်း (၂၀) ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည်ဟု ကြွေးကြော်ထားရာ ယင်းအချက်သည် ဂျာမနီပို့ကုန်များအပေါ် ထိခိုက်မှုကြီးမားလာနိုင်ကြောင်း သိရှိရပါသည်။

(ဇစ်မြစ်။    Wall Street Journal)

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

Category: USA