Phillippines

ဖိလစ်ပိုင်နိုင်ငံသမ္မတမားကို့စ်၏ နိုင်ငံခြားခရီးစဉ်များအတွင်း ဖိတ်ခေါ်ရရှိခဲ့သည့် FDIs များမှ  အမေရိကန်ဒေါ်လာ ၁၄ သန်းခန့်အား စီမံကိန်းအကောင်အထည်ဖော်ပြီးဖြစ်

Last Updated:

ဖိလစ်ပိုင်နိုင်ငံသမ္မတမားကို့စ်၏ နိုင်ငံခြားခရီးစဉ်များအတွင်းရရှိခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကတိကဝတ်များမှ  အမေရိကန်ဒေါ်လာ ၁၄.၂ ဘီလီယံထိ အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ် ကြောင်း ဖိလစ်ပိုင်ကုန်သွယ်/စက်မှုဝန်ကြီးဌာန က ၁၁-၂-၂၀၂၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ သတင်းထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိစီမံကိန်း ၄၆ ခုထိအမှန်တကယ် ရင်းနှီးမြှုပ်နှံ ထားရှိပြီးကုန်ထုတ်လုပ်မှု၊ နည်းပညာ၊ လုပ်ငန်းစဉ်စီမံခန့်ခွဲမှုကဲ့သို့သောကဏ္ဍများတွင် ဖြစ်ပါကြောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံကြပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၃၅% နှင့် စီမံကိန်း စုစုပေါင်း ၁၆ ခု ရှိပါသည်။ ၎င်းနောက် နည်းပညာဆိုင်ရာလုပ်ငန်း စီမံခန့်ခွဲမှု (IT-Business Process Management) ကဏ္ဍတွင် ၂၀% နှင့် စီမံကိန်း ၉ ခု  ဖြစ်ပါကြောင်း၊ စီမံကိန်းများအနက် ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် စီမံကိန်း ၂၁ ခု နှင့် အမေရိကန်နိုင်ငံမှ စီမံကိန်း ၁၃ ခု တို့ ဖြစ်ကြောင်း ဖိလစ်ပိုင်ကုန်သွယ်/စက်မှုဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

သမ္မတ၏နိုင်ငံခြားခရီးစဉ်များအတွင်း ကတိကဝတ်ရရှိခဲ့သည့်စီမံကိန်း ၁၄၈ ခု၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၂.၂ ဘီလီယံ၏ ၂၀% ဖြစ်သော အမေရိကန်ဒေါ်လာ ၁၄.၂ ဘီလီယံမှာ ရင်းနှီးမြှုပ်နံမှု အဆင့်သတ်မှတ်ချက်အမျိုးမျိုးတွင် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်သော စီမံကိန်း ၁၀၂ ခု၊ အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံအတွက် သက်ဆိုင်ရာ နိုင်ငံများအသီးသီးမှကြိုတင်ပြင်ဆင်မှုများ၊ စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများ အကောင်အထည်ဖော် သည့်အဆင့်ကျော်လွန်ပြီး လုပ်ငန်းစတင်လည်ပတ်ချိန်မှစ၍ အမြတ်ဝင်ငွေများစတင်ရရှိနိုင်မည် ဖြစ် ကြောင်း ဖိလစ်ပိုင် ကုန်သွယ်/စက်မှု ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သည့်ကာလသည် ၎င်းတို့ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် ကဏ္ဍပေါ်မူတည်လျက်ရှိပြီး  IT-BPM ကဏ္ဍနှင့် အသေးစားကုန်ထုတ်လုပ်မှုကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံ ခြင်းက အကောင်အထည်ဖော်သည့်ကာလ တိုနိုင်သည့်အတွက် ဖိလစ်ပိုင်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းအား ကျဆင်းစေနိုင်သည့် ကဏ္ဍများဖြစ်ပါကြောင်း၊ ထို့အတွက် အဆိုပါကဏ္ဍ ၂ ခုသည် ဖိလစ်ပိုင်နိုင်ငံ ၏ အလုပ်အကိုင်အခွင့်အလမ်းများအား တိုက်ရိုက်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထား ပါသည်။          

သမ္မတမားကို့စ်လက်ထပ်တွင် ရင်းနှီးမြှုပ်နှံများကို အများဆုံးဖိတ်ခေါ်ခဲ့ပြီး သွားရောက်ခဲ့သည့် နိုင်ငံခြားခရီးစဉ်များအတွင်း အကျိုးရှိသည့် ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းများကို တည်ဆောက်နိုင်ခဲ့ပါ ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအား ရင်းနှီးမြှုပ်နှံမှုအကောင်းဆုံး ရပ်ဝန်းတစ်ခုဖြစ်စေရန် ဖန်တီးဖော်ဆောင် သွားမည်ဟုလည်း ဖိလစ်ပိုင်ကုန်သွယ်/စက်မှု ဝန်ကြီးမှ ပြောကြားခဲ့ပါသည်။ ၈-၂-၂၀၂၄ ရက်နေ့က ဖိလစ်ပိုင်ရင်နှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ (Board of Investments- BOI)မှ စီမံကိန်း ၄၁ ခုအား အတည်ပြုခဲ့ ပြီး အဆိုပါ ၄၁ ခုနှစ်အနက် စီမံကိန်း အခု ၂၀ မှာ သမ္မတ၏ နိုင်ငံခြားခရီးစဉ်များအတွင်း ဖိတ်ခေါ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏စီးပွားရေးသည် လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကိုသာမက ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုလည်း ရှာဖွေချိတ်ဆက်ကာ နိုင်ငံတကာမှ စီးပွားရေး မိတ်ဖက်နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ သမ္မတမားကို့စ်၏ပြည်ပခရီးစဉ်များမှလည်း ရင်းနှီးမြှုပ်နှံမှုများစွာကို ဖိတ်ခေါ်နိုင်ခဲ့သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်ခဲ့ပါ ကြောင်း၊ စီးပွားရေးအတွက် အမြန်လမ်းကြောင်း (Green Lane) အစီအစဉ်အရလည်း ရင်းနှီးမြှုပ်နှံမှု များကို ခွင့်ပြုပေးနိုင်ခဲ့ပြီး အာဆီယံနိုင်ငံများ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ ဥရောပနိုင်ငံများနှင့်လည်း ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

 

 

 

Source; https://www.philstar.com/business/2024/02/12/2332610/foreign-pledges-materialize-14-billion-investments-dti

(စီးပွားရေးသံမှူး၊ မနီလာမြို့)

         

           

Category: Phillippines