Phillippines

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် နေ့စဉ်အခြေခံလိုအပ်ချက်များဖြစ်သည့် ဆန်၊ ပြောင်း၊ သကြား၊ ကြက်/ဝက်၊ ကြက်ဥ/ဘဲဥ တို့ လုံလောက်မှုရှိကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနပြောကြား

Last Updated:

ဖိလစ်ပိုင်နိုင်ငံသည် လာမည့်လများအတွက် အိမ်ထောင်စုများအတွက် နေ့စဉ်အခြေခံလိုအပ် ချက်များဖြစ်သော ဆန်၊ ပြောင်း၊ သကြား၊ ကြက်/ဝက်၊ ကြက်ဥ/ဘဲဥ တို့ လုံလောက်မှုရှိကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ၁၃-၂-၂၀၂၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ ထို့ပြင် စိုက်ပျိုးရေးဝန်ကြီးမှ သမ္မတမားကို့စ်ထံသို့ နိုင်ငံတွင်း ဆန်၊ ပြောင်း၊ သကြား၊ ကြက်/ဝက်၊ ကြက်ဥ/ဘဲဥ တို့ လုံလောက်မှု ရှိကြောင်းနှင့် ဈေးကွက်တည်ငြိမ်လျက်ရှိပါကြောင်း သမ္မတနန်းတော်၌ ပြုလုပ်သော သတင်းစာရှင်း လင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ် ဆန်ရိက္ခာဝယ်လိုအား/ရောင်းလိုအားကို အခြေခံကြည့်မည်ဆိုပါက ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ ဆန်ရိက္ခာပိုလျှံလျက်ရှိပြီး ပျမ်းမျှမက်ထရစ်တန်ချိန် ၃.၇ သန်းထိ ရှိသဖြင့် တည်ငြိမ် လျက်ရှိပါကြောင်း၊ ပြောင်းရိက္ခာမှာလည်း ၂၀၂၄ ခုနှစ်၊ စတုတ္ထလပတ်ထိ လုံလောက်မှုရှိပြီး ကြက်၊ ဝက်၊ ကြက်ဥ/ဘဲဥ၊ သကြား၊ ကြက်သွန်နီနှင့်ငါးတို့မှာလည်း အလားတူပင်ဖြစ်ပါသည်။

ဆန်ရိက္ခာဖူလုံမှုမှာ အရေးကြီးပြီး လိုအပ်ချက်ရှိခဲ့ပါက ဈေးအဆမတန်မြင့်တက်နိုင်ပါကြောင်း၊ ဆန်ဈေးနှုန်းမြင့်တက်ခြင်းသည် ဖိလစ်ပိုင်နိုင်ငံတစ်နိုင်ငံတည်းတွင် ဖြစ်ပေါ်သည်မဟုတ်ပဲ အခြားဆန် စိုက်ပျိုးထွက်ရှိမှုနှုန်းပိုလျှံသည့်နိုင်ငံများဖြစ်သောထိုင်း၊ ဗီယက်နမ်တို့တွင်လည်း ရင်ဆိုင်ကြုံတွေ့ရပြီး သွင်းအားစုများဖြစ်သော ဓာတ်မြေဩဇာ၊ မျိုးစေ့တို့၏ ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် ဖြစ်ပါသည်။ မိမိတို့အနေဖြင့် ဆန်ဈေးနှုန်းကျဆင်းခြင်းထက် ဆန်ရိက္ခာလက်ကျန်လျှော့နည်းခြင်းက ပိုမို အခက် အခဲရှိနိုင်ပါကြောင်း၊ နိုင်ငံတကာဈေးကွက်တွင်လည်း သွင်းအားစုများဖြစ်သော ဓာတ်မြေဩဇာ၊ မျိုးစေ့တို့၏ ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် ဆန်ဈေးနှုန်းကျဆင်းစေရန် မဖြစ်နိုင်သေးသည့်အတွက်  ကျိုးကြောင်းဆီလျော်စွာ စဉ်းစားသင့်ကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ ရှင်းလင်းပြောကြားခဲ့ပါသည်။

အယ်နီညိုသက်ရောက်မှုလျော့ပါးသက်သာစေရန်၊ အထူးသဖြင့် တောင်သူလယ်သမားများနှင့် ငါးဖမ်းသမားများအနေဖြင့် လိုအပ်သည့် ချေးငွေများရရှိစေရန်၊ စိုက်ပျိုးသည့်ဧရိယာများအလိုက် စပါး အထွက်နှုန်းတိုးမြင့်စေရန်၊ သင့်တော်သည့်ဈေးနှုန်းများဖြင့် ရောင်းချနိုင်စေရန်တို့အတွက် စိုက်ပျိုးရေး ဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် စောင့်ကြည့်လျက်ရှိပါကြောင်း၊ နယ်စပ်ကုန်သွယ်မှုအဆင့်မြှင့်တင်ရန် အတွက် လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်နိုင်ရန် အအေးခန်းသိုလှောင်ရုံများတည်ဆောက်ပေး ခြင်း၊ ရိတ်သိမ်းပြီးချိန်တွင် ထိန်းသိမ်းထားနိုင်စေရန် သိုလှောင်ရုံများ ထားရှိပေးခြင်း၊ ရာသီဥတုနှင့် ပထဝီအနေအထားများအရ လိုအပ်သည့် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ထားရှိလျက် ရှိပြီးအယ်နီညိုသက်ရောက်မှုလျော့နည်းသက်သာစေရန် အထူးသဖြင့် သက်ရောက်မှုအများဆုံးဖြစ်နိုင် သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ မေလအထိ ကာလများအတွက် The Philippines Atmospheric, Geophysical and Astronomical Service Administration (PAGASA) အကြံပေးအဖွဲ့မှ ပြင်ဆင် ဆောင်ရွက်ထားရှိလျက်ရှိကြောင်း ဖော်ပြထားပါသည်။ လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့တွင် ပါဝင်သည့် အစိုးရအေဂျင်စီများ ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းကိုလည်း ပြောကြားခဲ့ ပါသည်။

 

 

 

Source; https://pco.gov.ph/news_releases/ph-has-sufficient-supply-of-rice-corn-sugar-pork-chicken-egg-and-other-basic-necessities-da/

(စီးပွားရေးသံမှူး၊ မနီလာမြို့)  

Category: Phillippines