China (Kunming)

တရုတ်နိုင်ငံ၏ အကြီးဆုံး ထောပတ်သီးစိုက်ပျိုးရေးစခန်း မုံလျန်

Last Updated:

ယူနန်ပြည်နယ်၊ ဖူအော်မြို့၊ မုံလျန်တိုင်လူမျိုး၊ လားဟူလူမျိုး၊ ဝလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၊ ကျေးလက်နှင့် သိပ္ပံပညာဌာနမှတစ်ဆင့် သိရှိရမှုအရ ယူနန်ပြည်နယ်၊ မုံလျန် ထောပတ်သီး စိုက်ပျိုးဧရိယာသည် ဧက ၈၀၀၀၀ ကျော်ရှိပြီး တရုတ်နိုင်ငံ၏ အကြီးဆုံးသော ထောပတ်သီး စိုက်ပျိုးရေးအခြေစိုက်စခန်းနှင့် အရည်အသွေးကောင်း ထောပတ်သီးများကို ဈေးကွက်သို့ အမြဲတင်ပို့ပေးနိုင်သည့် တစ်ခုတည်းသောဒေသ ဖြစ်လာခဲ့ပါသည်။ ယခုနှစ်တွင် စိုက်ပျိုးဧရိယာကို ထပ်မံတိုးချဲ့ပြီး တိကျသေချာသော အရည်အသွေးမြှင့် ထုတ်လုပ်မှု နည်းလမ်းများကိုလည်း စမ်းသပ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မုံလျန်ခရိုင်သည် ယူနန်ပြည်နယ် အနောက်တောင်ပိုင်း နယ်စပ်‌ဒေသတွင် တည်ရှိပြီး မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အထူးဒေသ (၂) (“ဝ”ဒေသ) နှင့် ဆက်စပ်လျက်ရှိပါသည်။ ၎င်းတို့အနေဖြင့် ထောပတ်သီးအမျိုးအစား ၁၂ မျိုး ပျိုးထောင်နိုင်ခဲ့ပြီး ၁၂ လရာသီပတ်လုံး ဈေးကွက်တင်နိုင်တဲ့ အနေအထားကို ရောက်နေပြီဖြစ်သည်။ ထောပတ်သီးများကို အပင်ပေါ်၌ မှည့်အောင်ထားပြီး ဆွတ်ခူးကြပါသည်။ (၃) ရက် (၄) ရက်အတွင်း တရုတ်နိုင်ငံရဲ့ မည်သည့်နေရာကိုမဆို ဖူအော်ငွေစိမ်း ဇီဝစတော့ရှယ်ယာ ကုမ္ပဏီလီမိတက်မှ အရောက်ပို့ဆောင်ပေးလျက်ရှိပါသည်။

လက်ရှိတွင် မုံလျန်ခရိုင် တစ်ခုလုံးတွင် ထောပတ်သီးစိုက်ပျိုးသည့်ကျေးရွာ ၂၂ ရွာရှိပြီး ကျေးရွာစုပေါင်း စီးပွားဝင်ငွေသည် တစ်နှစ်လျှင် ယွမ် ၂ သိန်းနှင့် အထက်တွင် တည်ငြိမ်စွာရှိနေပါသည်။ နှစ်စဉ်အနီးပတ်ဝန်ကျင် ဒေသများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၃,၀၀၀ ခန့် ဖန်တီးပေးနိုင်ပြီး စီမံထိန်းချုပ်မှု တစ်ဦးချင်း၏ တစ်နှစ်ပျမ်းမျှဝင်ငွေသည် ယွမ်ငွေ ၄,၀၀၀ နှင့် အထက်တွင် ရှိနေပါသည်။ ၂၀၂၅ ခုနှစ်တွင် အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုဦးရေ ၁၀၀၀၀ ကျော်အထိ ရောက်ရှိနိုင်ရန်နှင့် အများပြည်သူ လုပ်အားခဝင်ငွေရရှိမှု ယွမ် သန်း ၁၀၀ ကျော်ထိ မြှင့်တက်လာနိုင်ရန် မျှော်မှန်းထားသည်။ သေးငယ်သော ထောပတ်သီးများသည် သန်းရာချီသော ကုန်ထုတ်လုပ်ငန်းကြီးများနှင့် ပြည်သူလူထု၏ တည်ငြိမ်သော ဘဝသာယာချမ်းမြေ့မှုများကို ဖန်တီးလာစေနိုင်မည် ဖြစ်ပါသည်။

 

 

အရင်းမြစ်။ http://myanmar.yunnangateway.com/html/2023/news_1106/11846.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့)

Category: China (Kunming)