Thailand

တရုတ်နိုင်ငံသို့ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆွေးနွေးသွားရန် ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Phumtham Wechayachia ဦးဆောင်သည့် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့က မျှော်မှန်းထား

Last Updated:

ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးတိုးမြှင့်နိုင်ရေး အားစိုက်ထုတ်မှုတစ်ခု အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးဆောင်သည့် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၁၇-၁၈ ရက်နေ့များအတွင်း တရုတ်နိုင်ငံ ကူမင်းမြို့သို့ သွားရောက်ရန် လျာထားကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်အတွင်း လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ၊ ပြုပြင်ပြီး ထုတ်ကုန်များ၊ အစားအစာများနှင့်စပ်လျဉ်း၍ နှစ်ဖက် ပုဂ္ဂလိကအချင်းချင်း ဘတ် ၅.၆ ဘီလီယံ တန်ဖိုးရှိသော နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း၊ လာမည့်နှစ် အစောပိုင်းတွင် ထိုင်းထုတ်ကုန်များနှင့် Soft Power များကို အမေရိကန်နိုင်ငံတွင် ပြသသွားနိုင်ရေး စီစဉ်ထားပါကြောင်း၊ ဆန်၊ လျှပ်စစ်ပစ္စည်းများ၊ အိမ်အသုံးအဆောင်များနှင့် ထိုင်းစားသောက်ဆိုင်ဝန်ဆောင်မှုများသည် အမေရိကန်ဈေးကွက်တွင် အခွင့်အလမ်းများရှိပါကြောင်း ဝန်ကြီး Phumtham Wechaya-chai က ပြောကြားခဲ့သည်။

အလားအလာကောင်းသော ဈေးကွက်သစ်ဖြစ်သည့် အီရန်တွင်လည်း ပြပွဲတစ်ခု ပြသသွားရန် ရှိပါကြောင်း၊ ယခင်ကာလများက အီရန်သည် ထိုင်းဆန်ဝယ်ယူရန် စိတ်ဝင်စားမှုရှိခဲ့သော်လည်း အီရန်အပေါ် ပိတ်ဆို့မှုများကြောင့် ထိုင်းလုပ်ငန်းရှင်များအနေဖြင့် ငွေပေးချေမှုတွင် စိန်ခေါ်မှုများ ကြုံတွေ့ရပါကြောင်း၊ ထိုင်းနှင့် အီရန်တို့သည် အဆိုပါ ပြဿနာများကို အကောင်းဆုံးအဖြေရှာနေပါကြောင်း၊ အောင်မြင်ပါက နှစ်နိုင်ငံကုန်သွယ်မှုသည် ကြီးမားလာနိုင်သည့် အခွင့်အလမ်းများ ရှိပါကြောင်း ဝန်ကြီး က ဆက်လက်ပြောကြားပါသည်။

မိမိအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအား ကမ္ဘာတစ်ဝှမ်းတွင် ထိုင်းထုတ်ကုန်များအတွက် ပို့ကုန်ဈေးကွက်ရှာဖွေရန် လမ်းညွှန်မှာကြားပြီး ဖြစ်ပါကြောင်း၊ မဟာဗျူဟာများတွင် ရှိပြီးဈေးကွက်ကို ထိန်းသိမ်းရန်၊ ဈေးကွက်သစ်ရှာဖွေရန်နှင့် ထိုင်း ထုတ်ကုန်များ ရောင်းချနိုင်မည့် အလားအလာရှိသော ဈေးကွက်များ သတ်မှတ်ခြင်းတို့ ပါဝင်ပါကြောင်း၊ ၂၀၂၄ ခုနှစ်အတွက် ကနဦးပို့ကုန်လျာထားချက်သည် ၁.၉၉ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၂၈၈ ဘီလီယံ သို့မဟုတ်  ဘတ် ၁၀ ထရီလီယံ တိုးတက်ရန်ဖြစ်ကြောင်း၊ ပုဂ္ဂလိက ကဏ္ဍက ခန့်မှန်း ချက် ၁-၂ ရာခိုင်နှုန်းနှင့် နီးစပ်ပါကြောင်း၊ ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန အနေဖြင့် ပို့ကုန်တိုးတက်ရေးအတွက် လုပ်ငန်းစဉ် ၄၁၇ အပါအဝင် ပြပွဲများစွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဝန်ကြီး Phumtham က ဖြည့်စွက်ပြောကြားခဲ့သည်။

 

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand