Thailand

၂၀၂၄ ခုနှစ်တွင်း ထိုင်းသီးနှံများကို Geographical Product (GI) စာရင်းတွင် ပိုမိုထည့်သွင်းသွား နိုင်ရေး ဆောင်ရွက်သွားရန်ရှိ

Last Updated:

၂၀၂၄ ခုနှစ်အတွင်း Geographical Product (GI) ထုတ်ကုန်ရောင်းချမှုမှ ဘတ် ၆၀ ဘီလီယံရရှိနိုင်ရန် ရည်ရွယ်၍ အမျိုးအစား ၂၀ ကို GI စာရင်းတွင် ထပ်မံထည့်သွင်းသွားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Napintorn Srisunpang ၏ ပြောကြားချက်အရ သိရှိရပါသည်။

ယခုနှစ်အတွင်း ပထဝီအနေအထား သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ ထင်ရှားမှုရှိသော သီးနှံများကို တန်ဖိုးမြှင့်တင်၍ GI ကို မြှင့်တင်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍ၏ ယှဉ်ပြိုင်မှုကို အားထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုင်းတောင်သူများကို အလုပ်အကိုင် ဖန်တီးပေးရန်နှင့် ဝင်ငွေရရှိစေရန်ဖြစ်ကြောင်း၊ GI မှတ်ပုံတင်အရေအတွက်ကို တိုးမြှင့်ရန် စီစဉ်ထားပါကြောင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များ ကို ကုန်ကြမ်းသာမက ကုန်ချောအတွက် အသုံးပြုသောပစ္စည်းများအဖြစ်ပါ အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် GI ထုတ်ကုန်များ ရောင်းချမှုမှ ဘတ် ၅၀ ဘီလီယံ ရရှိခဲ့ပြီး ယခုနှစ်တွင် ဘတ် ၆၀ ဘီလီယံ ရရှိရန် ခန့်မှန်းထားပါကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

နောက်ဆုံး GI မှတ်ပုံတင်သည့် ကုန်ပစ္စည်းမှာ တက်ခ်ထောပတ်သီးဖြစ်ပြီး ပြည်နယ်၏ ၄ ခု မြောက်မှတ်ပုံတင်သော ကုန်စည်ဖြစ်ပါကြောင်း၊ ထောပတ်သီးကို တက်ခ်ပြည်နယ်၏ တောင်ပေါ်ဒေသများတွင် စိုက်ပျိုး ပြီး Ping၊ Wang၊ Mae Klong နှင့် Moei မြစ်များ၊ Wang Chao တူးမြောင်းနှင့် Mae La Mao ချောင်းတို့မှ နှစ်ပတ်လည်အတွက် စိုက်ပျိုးရေရရှိပါကြောင်း၊ မြေဆီလွှာနှင့် လိုအပ်သော အာဟာရပါဝင်မှုများကို စုပ်ယူခြင်းဖြင့် အသီးတွင် သူမတူသော စေးကပ်သည့် အသား၊ ကြွယ်ဝသော အရသာနှင့် စွဲဖက်ဖွယ်ရနံ့တို့ ရှိပါကြောင်း မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Vuttikrai Leewiranphan က ဖြည့်စွက်ပြောကြားခဲ့သည်။

GI မှတ်ပုံတင်ရရှိပြီးပါက အရည်အသွေးထိန်းချုပ်သည့် စနစ်များ၊ စဉ်ဆက်မပြတ်သော ဈေးကွက်လမ်းကြောင်းများနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးခြင်းကို ဦးစီးဌာနအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သူများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များအတွက် ဗဟုသုတမျှဝေပေးခြင်းတို့ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်နယ်တစ်ခုချင်းစီတွင် အသေးစိတ်အချက်အလက်များ ကောက်ယူ၍ GI မှတ်ပုံတင်အသစ်တင်ရန် အလားအလာများကို ရှာဖွေသွားမည်ဖြစ်ကြောင်း Mr. Vuttikrai က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ပြည်နယ်တစ်ခုချင်းစီမှ ထွက်ရှိသော GI ထုတ်ကုန်များကို မြှင့်တင်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးမြှင့်စေရေးသာမက ပြည်နယ်တစ်ခုချင်းစီ၏ အသိအမှတ်ပြု အရည်အသွေး မီ ထုတ်ကုန်များပေါ်ထွက်လာစေရေး အထောက်အကူပြုစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်ရပါသည်။

 

 

 Source: www.bangkokpost.gov

 (စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand