Korea

တောင်ကိုရီးယားနိုင်ငံကထုတ်လုပ်သည့် ပတ်ဝန်းကျင်အတွက် ဆိုးကျိုးမဖြစ်စေသောကားများ အား ၂၀၂၃ ခုနှစ်၊ မေလအတွင်း တင်ပို့ရောင်းချရမှု နှုန်းသည် ယခင်နှစ် အလားတူကာလကထက် ၅၀ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့

Last Updated:

တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်၊ မေလအတွင်း ပတ်ဝန်းကျင်အတွက် ဆိုးကျိုးမဖြစ် စေသောကားများ (Eco-Friendly Vehicles) တင်ပို့ရောင်းချရမှုနှုန်းသည် ယခင်နှစ်အလား တူကာလကထက်  ၅၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်‌ ရေး၊  စက်မှုနှင့် စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်သောစာရင်းများတွင် ဖော်ပြထားပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ ကားတင်ပို့မှု စုစုပေါင်းဝင်ငွေသည် ၂၀၂၃ ခုနှစ်၊ မတ်လတွင် အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်အထိ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိခဲ့ကြောင်း၊ မတ်လမှစ၍ ကားတင်ပို့မှုဝင်ငွေသည် အမေရိကန်ဒေါ်လာ ၆ ဘီလီယံအထက်တွင်သာရှိနေပြီး ကားတင်ပို့မှု အရေအတွက်အားဖြင့်လည်း မြင့်တက်လာခဲ့ကြောင်း၊ ကားတင်ပို့မှုဝင်ငွေနှင့် အရေအတွက်မြင့် တက်လာခြင်းမှာ   Eco-Friendly Vehicles ကို ကမ္ဘာ့နိုင်ငံများ (အထူးသဖြင့် အမေရိကန်ပြည်ထောင်စု) မှ ဝယ်လိုအား မြင့်မားခဲ့၍ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ မေလအတွင်း Eco-Friendly Vehicles တင်ပို့မှုမှရရှိသည့်ဝင်ငွေသည် ၂၀၂၂ခုနှစ်၊ မေလကထက် ၆၄.၃ ရာခိုင်နှုန်း အထိမြင့်တက်လာခဲ့ပြီး ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံအထိရရှိခဲ့ပါကြောင်း၊ အရေအတွက် အားဖြင့်လည်း ၄၉.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကားအစီးရေ ၆၆,၂၆၄ စီး တင်ပို့ ရောင်းချခဲ့ရပါကြောင်း ကုန်သွယ်‌ရေး၊ စက်မှုနှင့်စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်သောစာရင်း များတွင် ဖော်ပြထားပါသည်။

အမေရိကန်ပြည်ထောင်စု၏ ငွေကြေးဖောင်းပွမှုနှုန်းကို လျှော့ချသည့် အက်ဥပဒေအရ အမေရိကန်ပြည်ထောင်စုက တောင်ကိုရီးယားနိုင်ငံ၏ လုပ်ငန်းသုံးကားများ(Commercial Vehicles) ကိုဝယ်ယူပါကအခွန်ဆိုင်ရာအခွင့်အရေးများ ခံစားခွင့်ရသည့်အတွက်  တောင်ကိုရီးယား နိုင်ငံ၏ လုပ်ငန်းသုံးကားများ ရောင်းချရမှုနှုန်းသည် ၂၀၂၃ ခုနှစ်၊ မေလတွင် ၄၀ ရာခိုင်နှုန်း ဝန်းကျင်အထိ   မြင့်တက်လာခဲ့ကြောင်း၊ ၂၀၂၂ခုနှစ် မေလက ၅ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်းနှင့် ပြည်တွင်း ဈေးကွက်တွင်လည်း လျှပ်စစ်ကားအပါအဝင် Eco-Friendly Vehicles စုစုပေါင်း ၄၇,၀၀၀ စီး ရောင်းချနိုင်ခဲ့ ရာ မေလအတွင်း စုစုပေါင်းရောင်းချရမှုနှုန်း၏ ၃၁.၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပါကြောင်း၊ အဓိကတင်ပို့ ရောင်းချခဲ့သည့်ကုမ္ပဏီများမှာ  Hyundai Motor Co. နှင့် Kia Corp. တို့ဖြစ်ပါကြောင်း ကုန်သွယ်‌ရေး၊ စက်မှုနှင့် စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

 

 

 

Source: The Korea Herald

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

 

Category: Korea