China (Kunming)

တရုတ်နိုင်ငံ၏ RCEP သည် နယ်စပ်ကုန်သွယ်ရေးနှင့် အာရှ-ပစိဖိတ်ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အကူဖြစ်

Last Updated:

RCEP အောက်တွင် ကုန်စည်ကူးသန်းရောင်းဝယ်မှု၌ အကောက်ခွန်မဲ့ကုန်ပစ္စည်းစုစုပေါင်း ၉၂ ရာခိုင် နှုန်းကျော်ရှိပြီး ဝန်ဆောင်မှုကဏ္ဍတွင် အနည်းဆုံး ၆၅ ရာခိုင်နှုန်းကို ခွင့်ပြုပေးလျက် နယ်စပ်ဖြတ် ကျော်ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံသားအချင်းချင်း အပြန်အလှန်ဝင်ထွက်မှုတို့ကို မြှင့်တင်ဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေပါသည်။ အာရှ-ပစိဖိတ်ဒေသတွင်း စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးကိုလည်း မြှင့်တင်ပေးလျက်ရှိသည်။

၂၀၂၂ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သော ဒေသတွင်း ဘက်စုံစီးပွားရေးပူပေါင်းဆောင်ရွက်မှု သဘောတူညီချက် (RCEP) တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အပါအဝင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန် စသည်ဖြင့် နိုင်ငံပေါင်း ၁၅ နိုင်ငံပါဝင်သည်။ အဆိုပါ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်မှုသဘောတူညီချက်တွင် ကုန်စည်နှင့် ဝန်ဆောင်မှုကုန်သွယ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ အငြင်းပွားမှုဖြေရှင်းရေး၊ e-commerce၊ ယှဉ်ပြိုင်မှုနှင့် ဉာဏပစ္စည်းမူပိုင်ခွင့် စသည့်ကဏ္ဍတို့ ပါဝင်ပါသည်။

RCEP ၏ အထင်ရှားဆုံးသဘောတူညီချက်မှာ အကောက်ခွန်ဆိုင်ရာ အတားအဆီးများကို ညှိနှိုင်း လျော့ချခြင်းဖြစ်သည်။ RCEP သည် ကမ္ဘောဒီးယားနိုင်ငံ၏ ထွက်ကုန်များ အထူးသဖြင့် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများအတွက် ပိုမိုကြီးမားသော ဈေးကွက်ဝင်ရောက်ခွင့်ကို ပေးထားကြောင်း ကျွမ်းကျင်ပညာရှင် Siphana မှ ပြောခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် RCEP အောက်တွင် ၎င်းတို့၏ လယ်ယာထွက်ကုန်များကို ကုန်သွယ်မှုဦးစားပေး ကုန်စည်များအဖြစ် ရရှိထားသည်။ အဆိုပါ လယ်ယာထွက်ကုန်များတွင် သီဟိုဠ်စေ့၊ ပြောင်း၊ ဆီအုန်း၊ သရက်သီးအချို၊ ငှက်ပျောသီး၊ ကန်စွန်းဥ၊ ပျားရည်၊ နနွင်းမှုန်၊ လိမ္မော်သီး၊ သင်္ဘောသီး၊ ကြက်သွန်ဖြူး၊ မလကာသီး၊ နဂါးမောက်သီးနှင့် ဒူးရင်း သီးစသည်တို့ ပါဝင်သည်။ ၎င်းအပြင် ကုန်သွယ်မှုဦးစားပေး စက်မှုလုပ်ငန်းပစ္စည်းများတွင် စက်ဘီး၊ အဝတ်အထည်၊ ဖိအပ်၊ လျှပ်စစ်ဝါယာကြိုးများ၊ ပရိဘောဂများ၊ လက်ကိုင်အိတ်များ၊ ခရီးဆောင်အိတ်များ၊ အားကစားပစ္စည်းများ၊ သကြား၊ ကြံနှင့် ရာဘာတို့ ပါဝင်သည်။

RCEP ၏ တရုတ်-ကမ္ဘောဒီယား နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များသည် ကမ္ဘောဒီးယားနိုင်ငံကို ၂၀၅၀ ခုနှစ်တွင် ဝင်ငွေမြင့်မားသော နိုင်ငံတစ်နိုင်ငံဖြစ်လာရန် ကူညီပေးမည်ဖြစ်ကြောင်း တွေ့ရှိရသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ပထမကိုးလအတွင်း RCEP ဒေသတွင်းနိုင်ငံများသို့ ကုန်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၁ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်ထက် ၂၃ ဒသမ ၆ ရာခိုင်နှုန်းတိုးလာခဲ့သည်။

RCEP သည် ကမ္ဘာ့စီးပွားရေး နှေးကွေးမှုနှင့် မရေရာသောကာလတွင် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကိုတည်ငြိမ်အောင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအားလုံးအတွက် သိသာထင်ရှားသည့် အကျိုးခံစားခွင့်များကို ဖန်တီးပေးသည့် အာဆီယံဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ၌ ထပ်မံပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရှေရှည်အကျိုးအမြတ်များရရှိနိုင်ကြောင်း၊ အာဆီယံကို အာရှ၏ စီးပွားရေးတိုးတက်မှု ပြရုပ်သစ်အဖြစ် အသွင်ကူး ပြောင်းရာတွင် အထောက်အကူဖြစ်စေပါကြောင်း၊ နိုင်ငံပေါင်းစုံနှင့် လွတ်လပ်သောကုန်သွယ်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအားလုံးအတွက် win-win အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုကို ပံ့ပိုးပေးကြောင်းနှင့် အဆိုပါကုန်သွယ်မှု သဘောတူညီချက်များမှတစ်ဆင့် အာရှ-ပစိဖိတ်ဒေသတွင်းတွင် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူဖြစ်စေပြီး နိုင်ငံသားအချင်းချင်း မျှဝေခံစားနိုင်သည့်ကမ္ဘာ့အသိုက်အဝန်းတစ်ခုကို အရှိန်အဟုန်ဖြင့်ဖော်ဆောင်နိုင်ခဲ့ကြောင်း BELTEI International University ၏ အကြီးတန်းပါမောက္ခ Joseph Matthews က ပြောကြားခဲ့သည်။

 

 

 

အရင်းမြစ်။ https://english.news.cn/21c9784b6eac4ea5a33ef07623d88c04/c.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊တရုတ်နိုင်ငံ၊ ကူမင်းမြို့)

Category: China (Kunming)