Phillippines

ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပငွေလွှဲဝင်ရောက်မှု၂၀၂၃ ခုနှစ် တစ်နှစ်တာကာလတလျှောက်လုံးမြင့်တက်ခဲ့

Last Updated:

     ဖိလစ်ပိုင်နိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်များမှတဆင့် ငွေလွှဲဝင်ရောက်မှုနှုန်းသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၃.၄၉၁ ဘီလီယံထိ မြင့်တက်ခဲ့ပြီး ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ် ကိုင်နေသော ဖိလစ်ပိုင်နိုင်ငံသားများမှ လွှဲပို့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်ဗဟိုဘဏ် (Bangko Sentral ng Pilipas-BSP) မှ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ သိရှိရပါသည်။ ၂၀၂၂ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၃၂.၅၂၉ ဘီလီယံ ရရှိခဲ့သည့်အတွက် ၂.၉% မြင့်တက်လာခြင်းဖြစ်ပြီး BSP မှ ခန့်မှန်းထားသည်မှာ ၂၀၂၃ ခုနှစ်တွင် ၃% ထိ မြင့်တက်လာမည်ဟု ခန့်မှန်းခဲ့ခြင်းကြောင်း ခန့်မှန်းထား သည်ထက် အနည်းငယ် လျော့နည်းခဲ့ပါသည်။

        ၅-၂-၂၀၂၄ ရက်စွဲပါ BSP ၏ ထုတ်ပြန်ချက်ရ အခြားနိုင်ငံခြားတိုင်းပြည်များမှ ဖိလစ်ပိုင်နိုင်ငံသားများအား အလုပ်လုပ်ကိုင်ရန် တောင်းဆိုမှုများပြားလာသည့်အတွက် ၂၀၂၃ ခုနှစ်အတွင်း ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်နေသူ ရွှေ့ပြောင်းဖိလစ်ပိုင်အလုပ်သမားများ (Overseas Filippino Workers- OFWs) များ ပိုမိုများပြားလာပြီး ပြည်ပမှငွေလွှဲဝင်ရောက်မှု လျှင်မြန်စွာ မြင့်တက်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြည်ပမှငွေလွှဲဝင်ရောက်မှု အမေရိကန်ဒေါ်လာ ၃.၂၈၀ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ် အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၃.၁၅၉ ဘီလီယံ ရရှိ ခဲ့ခြင်းကြောင့် ၃.၈% မြင့်တက်ခဲ့ပါသည်။ အဆိုပါ မြင့်တက်ခဲ့သည့် ပမာဏသည် မြေပြင်လုပ်သား (Land-based Workers) နှင့် ပင်လယ်လုပ်သား (Sea-based Workers) နှစ်မျိုးစလုံးမှ လွှဲပို့ငွေများ  တိုးမြင့်လာခြင်းဖြစ်ပါသည်။

    ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှဒီဇင်ဘာလအထိမြေပြင်လုပ်သားများမှ နိုင်ငံခြားငွေလွှဲပေးပို့မှု အမေ ရိကန်ဒေါ်လာ ၂၆.၆ ဘီလီယံရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂၅.၈ ဘီလီယံ ရရှိခဲ့သဖြင့် ၃.၂% မြင့်တက်ခဲ့ပါကြောင်း၊ ပင်လယ်လုပ်သားများမှ လွှဲပို့ငွေမှ အမေရိကန်ဒေါ်လာ ၆.၉ ဘီလီယံရှိခဲ့ပြီး ၂၀၂၂ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၆.၇ ဘီလီယံ ရရှိခဲ့ သဖြင့် ၂% မြင့်တက်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်အတွင်း လွှဲပို့ရာတွင် ငွေသား သို့မဟုတ် in kind စနစ်ဖြင့် အိမ်ထောင်ပရိဘောဂပစ္စည်းများ တင်သွင်းခြင်း အမေရိကန်ဒေါ်လာ ၃၇.၂၁၀ ဘီလီယံထိ စံချိန်တင် ရရှိခဲ့သဖြင့် ၂၀၂၂ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၆.၁၃၆ ဘီလီယံ ဖြစ်သဖြင့်  ၃% မြင့်တက်ခဲ့ပါသည်။

     ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာတစ်လတည်းတွင်ပုဂ္ဂလိကတစ်ဦးချင်း လွှဲပို့ငွေသည် အမေရိကန်ဒေါ်လာ ၃.၆၂၅ ဘီလီယံရရှိခဲ့ပြီး ၂၀၂၂ ခုနှစ် အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၃.၄၈၇ ဘီလီယံ ဖြစ်သဖြင့် ၃.၉% မြင့်တက်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် ပုဂ္ဂလိကတစ်ဦးချင်လွှဲပို့ငွေပမာဏသည် ဂျီဒီပီ ၏ ၈.၅% နှင့် စုစုပေါင်းတိုင်းပြည်ဝင်ငွေ၏ ၇.၇% နှင့် ညီမျှကြောင်း ဖော်ပြထားပါသည်။ မြေပြင်လုပ် သားများမှာစာချုပ်သက်တမ်းတစ်နှစ်နှင့်တစ်နှစ်အထက်၊ ပင်လယ်လုပ်သားများမှာ စာချုပ်သက်တမ်း တစ်နှစ်အောက်ဖြင့် ချုပ်ဆိုလုပ်ကိုင်လေ့ရှိပြီး ရရှိသည့် လုပ်ခ၊ လစာများအား ပြန်လည်လွှဲပို့ခြင်းဖြစ်ပါ သည်။

   ၂၀၂၃ ခုနှစ်တွင်းငွေလွှဲပေးပို့မှု၏၄၀.၉%မှာ အမေရိကန်တွင် သွားရောက်လုပ်ကိုင်လျက်ရှိသော ဖိလစ်ပိုင်နိုင်ငံသားများမှလည်းကောင်း၊ ၇.၁ % မှာ စင်ကာပူမှလည်းကောင်း၊ ၆.၂% မှာ ဆော်ဒီ အာရေဗျမှလည်းကောင်း၊ ၅% မှာ ဂျပန်မှလည်းကောင်း၊ ၄.၇% မှာ ယူကေမှလည်းကောင်း၊ ၄.၃% မှာ ယူအေအီးမှလည်းကောင်း၊ ၃.၆% မှာ ကနေဒါမှလည်းကောင်း၊  ၂.၇% မှာ ကာတာမှလည်းကောင်း၊ ၂.၇% မှာထိုင်ဝမ်မှလည်းကောင်း၊ ၂.၅% မှာ တောင်ကိုရီးယားနိုင်ငံမှလည်းကောင်း  အသီးသီးလွှဲပို့ခဲ့ ကြခြင်းဖြစ်ပါသည်။

  ၂၀၂၄ ခုနှစ်တွင်ငွေလွှဲဝင်ရောက်မှု ၃%ထိ မြင့်တက်နိုင်သည်ဟု BSP မှ ခန့်မှန်းထားပါကြောင်း၊ ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းဖိလစ်ပိုင်လုပ်သားများ၏ ကျန်ရှိခဲ့သော   မိသားစုဝင်များသည် ၎င်းတို့၏နေ့စဉ်ဘဝအတွက် လိုအပ်ချက်များဖြစ်သော အစားအစာ၊ အိမ်ဌားရမ်းခ၊ ပညာရေးအသုံးစရိတ်များအတွက် အဆိုပါ လွှဲပို့ငွေများအပါ် မှီခိုလျက်ရှိပြီး ပိုလျှံသည့် အနည်းငယ် မျှသောငွေကိုသာ ဘဏ်၌စုဆောင်းထားရှိနိုင်ပါကြောင်း BSP မှ နောက်ဆုံးပြုလုပ်ခဲ့သည့် Consumer Expectations Survey (CES) အရတွေ့ရှိရပါသည်။

   ၂၀၂၃ ခုနှစ်၊ တတိယ ၃ လပတ်အတွင်း၊ လွှဲပို့ငွေများအား OFW များ၏ အိမ်ထောင်စုဝင်များမှ ကျန်းမာရေးအသုံးစရိတ်အတွက် ၅၁.၂%၊ ငွေစုဘဏ်အပ်ငွေအတွက် ၃၇.၃%၊ ကြွေးပြန်လည်ပေးဆပ် ခြင်းအတွက် ၁၈.၅%၊ ရင်းနှီးမြှုပ်နှံမှုအတွက် ၉.၃% နှင့် မော်တော်ယာဉ်များဝယ်ယူခြင်းအတွက် ၉.၃% ဖြင့် ပြန်လည် မျှဝေသုံးစွဲခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

   OFWs များ၏ ငွေလွှဲပြန်ပို့ငွေများသည် ဖိလစ်ပိုင်စီးပွားရေးတွင် အရေးကြီးသည့် အစိတ်အပိုင်း တစ်ရပ်အဖြစ်ပါဝင်နေဆဲဖြစ်ပါကြောင်း၊ ဖိလစ်ပိုင်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် ကိန်းဂဏန်း အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် လွှဲပို့ငွေအမေရိကန်ဒေါ်လာ ၃၄.၈၈ ဘီလီယံ၊ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၆.၁၄ ဘီလီယံ၊ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၇.၂၁ ဘီလီယံ အသီးသီး ရရှိခဲ့သောကြောင့် တစ်နှစ်ထက်တစ်နှစ် လွှဲပို့သည့်ပမာဏ မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

  ပြည်ပအလုပ်သမားများ၏ လုပ်ခ၊ လစာများအား လွှဲပို့ပေးခြင်းသည် တိုင်းပြည်၏ မေခရိုစီးပွားရေးတည်ငြိမ်မှုကိုဆောင်ရွက်ရာတွင်အကျိုးရှိစေသည့်နည်းလမ်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ပြင်တိုင်းပြည်၏ နိုင်ငံခြားအရံငွေအရင်းအမြစ်တစ်ခုလည်း ဖြစ်သည့်အတွက် ဘဏ္ဍာရေးကဏ္ဍတွင် အရေးပါသော ငွေအရင်းအမြစ်တစ်ခုဖြစ်ပါကြောင်း သုံးသပ်ရပါသည်။

 

 

 

 

Source; https://mb.com.ph/2024/2/15/article-1879

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines