China(Nanning)

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ပထမ (၅) လအတွင်း တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၇.၄ သန်း ရရှိခဲ့

Last Updated:

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ပထမ(၅) လအတွင်း တရုတ်နိုင်ငံသို့ ဆန် (၁၁၈,၀၄၁) တန် တင်ပို့ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ (၇၇.၄) သန်း ရရှိခဲ့ကြောင်း ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (Cambodia Rice Federation -CRF)၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားဆန်များအတွက် အဓိကပို့ကုန်စျေးကွက်ဖြစ်ပြီး ကမ္ဘောဒီးယားမှ ဆန်တင်ပို့မှု စုစုပေါင်း၏ (၄၂.၄၃) ရာခိုင်နှုန်း (၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း) ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ကြီးမားသော ဈေးကွက်တစ်ခုဖြစ်ပြီး နှစ်စဉ် ဆန်တန်ချိန် (၄၀၀,၀၀၀) ရောင်းချနိုင်ရေးအတွက် ကမ္ဘောဒီးယားဆန်စပါးအဖွဲ့ချုပ်သည် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု CRF ၏ ဥက္ကဋ္ဌ Chan Sokheang က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမငါးလအတွင်း နိုင်ငံနှင့် ဒေသပေါင်း (၅၀) သို့ ဆန် (၂၇၈,၁၈၄) တန် တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ (၁၉၁.၆) သန်း ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။ တင်ပို့သည့် ဆန်အမျိုးအစားများတွင် premium aromatic rice၊ fragrant rice၊ long grain white rice ၊ parboiled rice နှင့် organic rice တို့ပါဝင်ကြောင်း သိရှိရပါသည်။

ထို့အပြင် ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘောဒီးယားဆန်များအတွက် စျေးကွက်သစ်တစ်ခုဖြစ်ပြီး မေလတွင် ပမာဏအမြောက်အများကို ပထမဆုံးအကြိမ်တင်ပို့မှုအဖြစ် ဆန်တန်ချိန် (၂,၅၇၅) ကို ဖိလစ်ပိုင်သို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

 

Source: www.china.org.cn/world/Off_the_Wire/2023-06/08/content_86734714.htm

(စီးပွားရေးသံမှူး၊ နန်နင်း)

Category: China(Nanning)