China(Beijing)

ဇန်နဝါရီလမှမေလအထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အနည်းငယ်သာမြင့်တက်ခဲ့

Last Updated:

ဇန်နဝါရီလမှ မေလအထိ တရုတ်ပြည်မကြီးအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ်ကာလတူထက် ၀.၁ ရာခိုင်နှုန်း၊ ၅၇၄.၈၁ ဘီလီယံယွမ်(အမေရိကန်ဒေါ်လာ ၈၀.၁၆ ဘီလီယံခန့်) အနည်းငယ်သာမြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

အမေရိကန်ဒေါ်လာဖြင့် ဖော်ပြချက်အရ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်သည့် အနေအထားမှာ နှစ်အစပိုင်းကာလနှင့်နှိုင်းယှဉ်ပါက ၅.၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ အားဖြင့် ၇၃.၅ ဘီလီယံဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံတွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ပထမငါးလတွင်း ကာလတူနှိုင်းယှဉ်ပါက ၅.၉ ရာခိုင်နှုန်း၊ ၁၄၇.၀၈ ဘီလီယံယွမ် မြင့်တက်ခဲ့ပြီး အဆင့်မြင့် နည်းပညာအသုံးပြုထုတ်လုပ်သည့်လုပ်ငန်းများ၌ ကာလတူအတွင်း ၇.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ဖော်ပြသည့် အချက်အလက်များအရ သိရှိရပါသည်။

အထူးသဖြင့် အဆင့်မြင့်နည်းပညာအသုံးပြုထုတ်လုပ်သည့်ကဏ္ဍတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများသည် ကာလတူနှိုင်းယှဉ်ပါက ၃၀.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အဆင့်မြင့်နည်းပညာ ဝန်ဆောင်မှုကဏ္ဍမှာ ၁.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ပြင်သစ်၊ ယူနိုက်တက်ကင်းဒမ်း၊ ကနေဒါနှင့် ဂျပန်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများမှာ ကာလတူ နှိုင်းယှဉ်ချက်အရ ၄၂၉.၇၊ ၁၇၉.၂၊ ၁၇၀.၁ နှင့် ၆၃.၃ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ 

Source: FDI sees small jump from Jan-May - Chinadaily.com.cn

စီးပွားရေးသံမှူး၊ ပေကျင်းမြို့

Category: China(Beijing)