China(Nanning)

တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံခြားသားပိုင်ဆိုင်မှု ကန့်သတ်ချက်များကို ထပ်မံဖြေလျှော့မည်

Last Updated:

တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးမှ ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်ရန်အတွက် နိုင်ငံခြားသားပိုင်ဆိုင်မှုဆိုင်ရာ ကန့်သတ်ချက်များကို ထပ်မံဖယ်ရှားရန် (သို့မဟုတ်) လျှော့ချရန် ဖြစ်နိုင်ခြေကိုစဉ်းစားမည်ဟု ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ၎င်း၏ negative list ကို လျှော့ချရန် ဆက်တိုက်လုပ်ဆောင်နေပြီး ၎င်း၏ စီးပွားရေးပတ်ဝန်းကျင် ပိုမိုကောင်းမွန်စေရန်နှင့် နိုင်ငံခြားကုမ္ပဏီများကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ He Yadong က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ၎င်း၏ negative list ကို (၅)နှစ် ဆက်တိုက် ပြန်လည်ပြင်ဆင်ခဲ့ကြောင်း၊ မျိုးစေ့၊ မော်တော်ကား၊ သင်္ဘောနှင့် လေယာဉ်ထုတ်လုပ်ရေး၊ ငွေချေးစာချုပ်၊ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းစသည့် ကဏ္ဍများတွင် နိုင်ငံခြားသား ပိုင်ဆိုင်မှုဆိုင်ရာအတားအဆီးများ လျော့နည်းသွားသည်ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

နိုင်ငံတော်ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစင်တာမှ ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ တရုတ်နိုင်ငံသည် ၂၀၁၇ ခုနှစ်ကတည်းက ကမ္ဘာ့ဒုတိယအကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လက်ခံသူအဖြစ် ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး ကမ္ဘာပေါ်တွင် ရင်းနှီး မြှုပ်နှံမှုပြုလုပ်ရန် ဆွဲဆောင်မှုအရှိဆုံး နိုင်ငံများအနက်မှတစ်ခုအဖြစ် ဆက်လက်ရပ်တည်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)သည် အမေရိကန်ဒေါ်လာ (၁၈၉.၁)ဘီလီယံအထိရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၈)ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ FDI ရှယ်ယာသည် ၂၀၁၂ ခုနှစ်တွင် (၈.၂)ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် (၁၄.၆)ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

 

 

Source: https://english.news.cn/20231012/c8bf2acf480147e89270cc46ce4247af/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)