China (HongKong)

ဂျပန်နိုင်ငံ ပြည်နယ် ၁၀ ခုမှ ရေထွက်ကုန်ပစ္စည်းများ ဟောင်ကောင်ဒေသသို့ တင်သွင်းခွင့် တားမြစ်ပိတ်ပင်

Last Updated:

ဂျပန်နိုင်ငံ Tokyo မြို့တော်အပါအဝင်  Fukushima ၊ Ibaraki ၊ Miyagi ၊ Chiba ၊ Gunma ၊ Tochigi ၊ Niigata ၊ Nagano နှင့် Saitama ဒေသများမှ ရေထွက်ကုန်အားလုံး၊ ပင်လယ်ဆားနှင့် ရေညှိများ ဟောင်ကောင်ဒေသသို့ တင်သွင်းခွင့် ပိတ်ပင်လိုက်ကြောင်း ဟောင်ကောင်ဒေသအစိုးရ အစားအစာအန္တရာယ်ကင်းရှင်းရေးဗဟိုဌာန (CFS) မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု Hong Kong Business သတင်းဌာနမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် “Hong Kong bans import of aquatic products from 10 Japanese prefectures” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါ ဒေသများမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နှင့် နောက်ပိုင်းတွင် ထုတ်လုပ်ထားသည့် ရေထွက်ကုန် ပုံစံအမျိုးမျိုး (အရှင်၊ အေးခဲ၊ အခြောက်ခံ၊ တာရှည်ခံ)၊ ပင်လယ်ဆားနှင့် ပြုပြင်ထားသန့်စင်ထားရှိ/ မရှိသော ရေညှိများ၊ ဖုရှရှီးမားပြည်နယ်မှ ဟင်းသီးဟင်းရွက်၊ သစ်သီးများ၊ နို့နှင့် နို့ပါဝင်သည့် အဖျော်ယမကာ၊ အခြောက်ခံထားသောနို့များလည်း တင်သွင်းခွင့် ပိတ်ပင်မည်ဖြစ်သည်ဟု အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ သတ်မှတ်ပါဝင်မှုစံနှုန်းထက် ပိုလွန်ခြင်းမရှိသည့် အခြားရေထွက်ကုန်များ တင်သွင်းခွင့် မပိတ်ပင်ရေးအတွက် တင်သွင်းလာသည့် အခြားသော ရေထွက်ကုန်များအပေါ် ဓာတ်ရောင်ခြည်စစ်ဆေးခြင်းများ အသေအချာပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့်  သတ်မှတ်ချက်မှ သွေဖည်နေသည့် ထုတ်ကုန်များအပေါ် ဟောင်ကောင်ဒေသအစိုးရအနေဖြင့် တင်သွင်းခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင် စောင့်ကြည့်လေ့လာရေးအဖွဲ့ (HKO) မှ ဟောင်ကောင်ဒေသ ရေပိုင်နက်အတွင်း ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်မှုစစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်အထိ သတ်မှတ်ချက်ထက် ကျော်လွန်မှု စစ်ဆေးတွေ့ရှိခြင်း မရှိသေးကြောင်း ရေးသားဖော်ပြထားပါသည်။

ထို့ပြင် အစားအစာ အန္တရာယ်ကင်းရှင်းရေးဗဟိုဌာနနှင့် ငါးလုပ်ငန်းနှင့် ထိန်းသိမ်းရေးဌာနတို့အနေဖြင့်လည်း ဂျပန်နိုင်ငံမှ အစားအစာနမူနာများကို စစ်ဆေးခဲ့ရာ နမူနာအားလုံး သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)