Thailand

ထိုင်းနိုင်ငံအစိုးရ၏ ဘတ် ၁၀,၀၀၀ ဒီဂျစ်တယ်ငွေကြေးထောက်ပံ့မှုအစီအစဉ်ကို ဥပဒေဆိုင်ရာ ကိစ္စရပ်များ အတည်ပြုပြီးမှသာလျှင် စတင်နိုင်မည်ဖြစ်

Last Updated:

ထိုင်းနိုင်ငံအစိုးရ၏ ဒီဂျစ်တယ်ငွေကြေးထောက်ပံ့မှုအစီအစဉ်သည် စီမံကိန်းအတွက် ဥပဒေဆိုင်ရာလုပ်ငန်းစဉ်များ အတည်ပြုပြီးသည်အထိ မစတင်နိုင်သေးကြောင်း၊ တစ်ဦးတစ်ယောက်က စီမံကိန်းရန်ပုံငွေအတွက် ချေးငွေအက်ဥပဒေအား အ‌ရေးယူပေးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ အသနားခံစာပေးပို့လာပါက အစီအစဉ်ကို ရွှေ့ဆိုင်းသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Julapun Amornvivat က ပြောကြားခဲ့သည်။

ပြည်သူများက ငွေကြေးများကို အသုံးပြုပြီးပါက ကြန့်ကြာနေသော ဥပဒေဆိုင်ရာ ပြဿနာရပ်များကိုဖြေရှင်းရန် ခက်ခဲသွားမည်ဖြစ်ကြောင်း၊ ဥပဒေမူကြမ်းသည် မည်သည့်ဥပဒေနှင့် မဆန့်ကျင်ကြောင်းသေချာရန်လိုအပ်ကြောင်း၊ အစိုးရအနေဖြင့် ဒီဂျစ်တယ်ပိုက်ဆံအိတ် (Digital Wallet) စီမံကိန်း၏ ရည်ရွယ်ချက်ဖြစ်သော စီးပွားရေးကို လှုံ့ဆော်ပေးရန်လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံ စီးပွားရေးကို တစ်နှစ်လျှင် ၂ ရာခိုင်နှုန်း တိုးမြှင့်စေရန်မှာ အစိုးရသည် ဘတ်ဂျတ်လိုငွေကို ဘတ် ၆၀၀-၇၀၀ ဘီလီယံတွင် ထိန်းထားရန်ဖြစ်ကြောင်း၊ ၂၀၂၇ ခုနှစ်တွင် ပြည်သူ့ချေးငွေသည် GDP ၏ ၇၀ ရာခိုင်နှုန်းထက်ကျော်လွန်နိုင်ပြီး ဘဏ္ဍာရေးစည်းကမ်းမူဝါဒတွင် သတ်မှတ်ထားချက်၏ အထက်သို့ရောက်နိုင်ကြောင်း ဒုတိယဝန်ကြီးက သုံးသပ်ထားပါသည်။

စီးပွားရေးသည် တစ်နှစ်လျှင် ပျမ်းမျှ ၅ ရာခိုင်နှုန်း တိုးတက်ပါက ကြွေးမြီနှင့် GDP အချိုးသည် အလယ်အလတ်တွင် ရှိနိုင်ပါကြောင်း၊ မည်သည့်ဆောင်ရွက်ချက်မှ မဆောင်ရွက်ဘဲနေပါက အစိုးရ၏ ပြည်သူ့ကြွေးမြီသည် ၇၀ ရာခိုင်နှုန်းသို့ ကျော်လွန်နိုင်ပြီး နိုင်ငံ၏ ကြွေးမြီအဆင့်ကို နှောင့်နှေးစေမည်ဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေးသည် ထိခိုက်လွယ်ပြီး အန္တရာယ်ရှိသည့် အဆင့်တွင်ရှိနေပါကြောင်း၊ စီးပွားရေးတိုးတက်မှုသည် ယခုနှစ်အစပိုင်းတွင် ၃.၈ ရာခိုင်နှုန်းမှ လက်ရှိတွင် ၂.၆ ရာခိုင်နှုန်းသို့ ကျဆင်းနေပြီး နှစ်ကုန်ပိုင်းတွင် ၂.၅ ရာခိုင်နှုန်းထက်ပင် နည်းနိုင်ပါကြောင်း သုံးသပ်ထားပါသည်။

ဒီဂျစ်တယ်ငွေကြေးထောက်ပံ့မှုအတွက် အစိုးရကငွေချေးယူနိုင်ခြင်း ရှိမရှိသည် ၂၀၁၈ ခုနှစ် နိုင်ငံတော်ဘဏ္ဍာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာစည်းကမ်းဥပဒေ ပုဒ်မ ၅၃ အရ စီးပွားရေးအကျပ်အတည်းကြောင့် အရေးတကြီးဖြေရှင်းရန် လိုအပ်ခြင်းရှိမရှိပေါ်မူတည်နေပါကြောင်း၊ ယခုအခြေအနေကိုလည်း အကျပ်အတည်းအဖြစ် ရှုမြင်ပါကြောင်း၊ လာမည့်နှစ် မေလတွင် အသုံးပြုမည့် ၂၀၂၄ ဘတ်ဂျက်အသုံးစရိတ် အက်ဥပဒေအပေါ် ခွင့်ပြုမှုနှောင့်နှေးရခြင်းမှာလည်း လာမည့်နှစ် အစောပိုင်းတွင် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုကို လျှော့ချရန် လျာထားခြင်းကြောင့်ဖြစ်ကြောင်း အခြေအနေကို ရှင်းလင်းပါ သည်။

အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုဘတ်ဂျက်ကို စောင့်ဆိုင်းနေစဉ်တွင် အစိုးရအနေဖြင့် စီးပွားရေးကို လှုံ့ဆော်ရန်အတွက် e-refund စီမံချက်ဟုခေါ်သော အခွန်ပြန်အမ်းငွေဆိုင်ရာ အစီအမံများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၄ ဇန်နဝါရီလတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလတွင် ပြီးဆုံးမည်ဖြစ်ကြောင်း၊ ပါဝင်ဆောင်ရွက်သူများက အခွန်ပြန်လည်ရရှိရန်အတွက် e-receipt များကို တင်ပြရမည်ဖြစ်ကြောင်း၊ အခွန်ဖြတ်တောက်မှု ဘတ် ၅၀,၀၀၀ အထက်ရရှိနိုင်ရန် အခွန်စနစ်ကျင့်သုံးသော လုပ်ငန်းများမှ ဝယ်ယူထားသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများသာ အကျုံးဝင်ပါကြောင်း၊ တစ်ဦးတစ်ယောက်ချင်းစီ၏ အခွန်ပေါ်တွင် အခြေခံမည်ဖြစ်ကြောင်း ဖြည့်စွက်ရှင်းလင်းပါသည်။

လစဉ်ဝင်ငွေ ဘတ် ၇၀,၀၀၀ (ဝင်ငွေခွန် ၂၀ ရာခိုင်နှုန်းကို အခြေခံ၍) ရှိသူက ဘတ် ၅၀,၀၀၀ တန်ဖိုးရှိသော ကုန်ပစ္စည်းတစ်ခု ဝယ်ယူထားပါက ၎င်းသည် အခွန်ပြန်အမ်းငွေ ဘတ် ၁၀,၀၀၀ ရရှိမည်ဖြစ်ကြောင်း၊ အခွန်နှုန်း အမြင့်ဆုံး ၃၅ ရာခိုင်နှုန်းဖြစ်ပါက အခွန်ပြန်အမ်းငွေ ဘတ် ၁၇,၅၀၀ ရရှိမည်ဖြစ်ကြောင်း ဥပမာပေးထားချက်အရ သိရှိရပါသည်။

 

 

Source: www.bangkokpost. gov

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: Thailand