Thailand

ထိုင်းနိုင်ငံအစိုးရက အခြားနိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များ (Free Trade Agreement-FTA) လက်မှတ်ရေးထိုးနိုင်ရေး နည်းလမ်းရှာဖွေလျက်ရှိ

Last Updated:

ထိုင်းနိုင်ငံအစိုးရက လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်များ ညှိနှိုင်းခြင်းဖြင့် စီးပွားရေးသံတမန်မူဝါဒများအပေါ် အာရုံစိုက်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် FTA (၁၄) ခုကို ၁၈ နိုင်ငံနှင့် အပြီးသတ်ညှိနှိုင်းပြီးဖြစ်ကြောင်း၊ စာချုပ် (၁၁) ခုအတွက် လတ်တလောညှိနှိုင်းနေဆဲဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အပေါ် ကိုးကား၍ အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Chai Wacharonke က ပြောကြားခဲ့ပါသည်။

သီရိလင်္ကာနိုင်ငံသည် FTA အောင်မြင်စွာ ညှိနှိုင်းပြီးဖြစ်သည့် နောက်ဆုံးနိုင်ငံဖြစ်ကြောင်း၊ လာမည့်လအတွင်း လက်မှတ်ရေးထိုးနိုင်ရေး မျှော်မှန်းထားပါကြောင်း၊ FTA နှင့် ဆက်စပ်မူဝါဒများသည် နိုင်ငံ၏ စီးပွားရေးကို ခိုင်မာစေပြီး အပိုဝင်ငွေများ ဆောင်ကြဉ်းလာနိုင်ကြောင်း၊ အစိုးရအနေဖြင့် ကမ္ဘာ့ဈေးကွက်တွင် FTA ၏ နိုင်ငံ့ပို့ကုန်အပေါ် အရေးပါမှုကို သိမြင်ပါကြောင်း၊  ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် နိုင်ငံ၏ စီးပွားရေးမြှင့်တင်နိုင်ရေး မျှော်လင့်ထားပါကြောင်း၊ လက်ရှိ မိတ်ဖက်များအပြင် စီးပွားရေးမိတ်ဖက်အသစ်များနှင့် FTA ညှိနှိုင်းနိုင်ရေး မျှော်လင့်ထားပါကြောင်း၊ ဝန်ကြီးချုပ်ကလည်း ပြည်သူများ အကျိုးရှိစေရေးအတွက် “တက်ကြွသော စီးပွားရေးသံတမန်” မူဝါဒများကို အသုံးပြုစေလိုကြောင်း၊ ၎င်းအပြင် ဝန်ကြီးချုပ်က ကမ္ဘာ့ဈေးကွက်တွင် နိုင်ငံ၏ စွမ်းရည်ကို မြှင့်တင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ခြင်းနှင့် ကုန်သွယ်ရေး အခွင့်အလမ်းများ ချဲ့ထွင်ရေးအပေါ် စိတ်အားထက်သန်ပါကြောင်း Mr. Chai က ဖြည့်စွက်ပြောကြားခဲ့သည်။

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)  

Category: Thailand