China (HongKong)

ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်ရန် ဟောင်ကောင်ဒေသ ဘဏ္ဍာရေးဝန်ကြီး Davos မြို့သို့ သွားရောက်မည်

Last Updated:

ဟောင်ကောင်ဒေသ ဘဏ္ဍာရေးဝန်ကြီး Paul Chan သည် ဇန်နဝါရီလ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်မည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် ဟောင်ကောင်အစိုးရ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါ သည်။

ခရီးစဉ်တွင် ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Algernon Yau၊ ဟောင်ကောင်လေဆိပ် အာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ Jack So နှင့် Exchanges & Clearing ဥက္ကဋ္ဌ Laura Cha နှင့် MTR ကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ် Jacob Kam တို့လည်း လိုက်ပါမည်ဖြစ်ပါသည်။

ယုံကြည်မှုပြန်လည်တည်ဆောက်ခြင်း "Rebuilding Trust" ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် Achieving security and co-operation for the world၊  Creating growth and jobs ၊  Artificial intelligence as a driving force for the economy and society နှင့် long-term strategies for combatting climate change and achieving carbon neutrality ခေါင်းစဉ်လေးခုနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

နှစ်စဉ်ကျင်းပသည့် အဆိုပါဖိုရမ်သို့ အစိုးရခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံ/ဒေသပေါင်း ၁၀၀ ကျော်ရှိ စီးပွားရေးလုပ်ငန်းများမှ အဆင့်မြင့် စီမံခန့်ခွဲသူများ တက်ရောက်မည်ဖြစ်ပါသည်။

ကိုဗစ်-၁၉ အလွန် စီးပွားရေးပြန်လည်ဦးမော့မှုနှင့် တိုးတက်မှု မညီမျှခြင်းနှင့်အတူ ကမ္ဘာ့စီးပွားရေးအခြေအနေမှာ မရေရာသေးကြောင်း၊ သို့ဖြစ်၍ နိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုကဲ့သို့သော စိန်ခေါ်မှုများအတွက် ပိုမိုကြံ့ခိုင်မှုရှိသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပိုမိုပြီးသာတူညီမျှမှုရှိ၍ အားလုံးပါဝင်နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ခြင်းအတွက် လက်တွဲဆောင်ရွက်သင့်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။  

ဘဏ္ဍာရေးဝန်ကြီး အနေဖြင့် ဖိုရမ်၏ နှစ်ပတ်လည် အစည်းအဝေး၌ ကျင်းပသည့် အခမ်းအနားများတက်ရောက်ခြင်းအပြင် နိုင်ငံရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ပါသည်။ ဘဏ္ဍာရေးဝန်ကြီးနှင့် အဖွဲ့ဝင်များအနေဖြင့် ဒေသ၏ စီပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများ အထူး သဖြင့် တစ်နိုင်ငံ စနစ်နှစ်မျိုးကျင့်သုံးမှု၏ အောင်မြင်မှုများနှင့် ရေရှည်အကျိုးကျေးဇူးများ၊ တရုတ်ပြည်မနှင့် ကမ္ဘာတစ်လွှားကို ချိတ်ဆက်ပေးနေသည့် ဟောင်ကောင်ဒေသ၏ အခန်းကဏ္ဍတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသွားမည်ဖြစ်သကဲ့သို့ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်နေမှု အစီအမံများနှင့် အကျိုးရလဒ်သစ်များကို ရှင်းလင်းပြောကြားပြီး စီးပွားရေးလုပ်ငန်းများကို ဟောင်ကောင်ဒေသသို့ လာရောက်ရေးအတွက် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)