China (Kunming)

ရေကြောင်းစီးပွားရေးဆိုင်ရာ RCEP လူငယ်ဆွေးနွေးပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟိုင်နန်တွင် ကျင်းပမည်

Last Updated:

၂၀၂၄ ရေကြောင်းစီးပွားရေးဆိုင်ရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု RCEP လူငယ်ဆွေးနွေးပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟိုင်နန်ပြည်နယ်တွင် “အပြာရောင်စီးပွားရေး မိတ်ဖက် အဖြစ် အတူတကွ တည်ထောင်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ၂၀၂၄ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ ဤဖိုရမ်တွင် ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှုဒေသရှိ အဏ္ဏဝါစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးမည်ဖြစ်ပြီး နာမည်ကြီး ကျွမ်းကျင်သူများ၊ စွန့်ဦးတီထွင်သူများနှင့် လူငယ်ကိုယ်စားလှယ်များက ယင်းကိစ္စအပေါ် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးရန် ဖိတ်ကြားထားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံအလိုက် ဝန်ကြီးဌာနများ၊ ဆက်စပ်ပြည်နယ်များ၊ တက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်းများ၊ ရေကြောင်းဆိုင်ရာလုပ်ငန်းများနှင့် ရေကြောင်းဆိုင်ရာ အစိုးရအေဂျင်စီများ၊ တတ်သိပညာရှင်များနှင့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံများအပါဝင် အခြားနိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြမည်ဖြစ်သည်။ "ဒေသတွင်း အပြာရောင်စီးပွားရေး၏ စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များ တည်ဆောက်ခြင်း"၊ "အဏ္ဏဝါမွေးမြူရေးခြံများ တည်ဆောက်ရာတွင် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု၊" "တရုတ်-အာဆီယံ ရေကြောင်းပို့ဆောင်ရေးနှင့် ဆိပ်ကမ်း ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းများ" နှင့် "တရုတ်-အာဆီယံ အပြာရောင်စီးပွားရေး မိတ်ဖက်ဆက်ဆံမှုကို ဖော်ဆောင်ရန်အတွက် ဟိုင်နန် လွတ်လပ်သော ကုန်သွယ်မှုဆိပ်ကမ်း၏ အခန်းကဏ္ဍ" စသည့် ခေါင်းစဉ်များဖြင့်  ဆွေးနွေးသွားမည်ဖြစ်ပြီး အကြံပြုချက်များနှင့် အကြံဉာဏ်များကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်သည်။

အဆိုပါဖိုရမ်ကို Hainan Institute for Free Trade Port Studies မှ ကြီးမှူး၍ China Institute for Reform and Development၊ China Daily၊ China Oceanic Development Foundation၊ the Center for Strategic and International Studies in Indonesia နှင့် the Belt and Road Initiative Caucus for Asia-Pacific in Malaysia တို့မှ ပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။

 

 

အရင်းမြစ်။ http://www.chinadaily.com.cn/a/202403/15/WS65f3aadaa31082fc043bccfd.html

လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: China (Kunming)