USA

နျူကလီးယားစွမ်းအင်ထုတ်လုပ်ရန် ယူရေနီယမ် ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ

Last Updated:

နျူကလီးယားစွမ်းအင်ထုတ်လုပ်ရန် ယူရေနီယမ် ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ၁၄-၉-၂၀၂၃ ရက်ထုတ် World Street Journal ၌ “Nuclear Power Faces Uranium Shortage” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

နျူကလီးယားစွမ်းအင်ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများသည် လာမည့်ဆယ်စုနှစ်များအတွင်း  ဓာတ်ပေါင်းဖိုများအတွက် စွမ်းအင်ထုတ်လွှတ်ပေးသည့် ယူရေနီယမ် ရေဒီယိုသတ္တိကြွဈေးနှုန်း မြင့်တက်ခြင်းကို ကြုံတွေ့ရနိုင်ကြောင်း၊ ဓာတ်ပေါင်းဖိုအသစ်များသည် အမေရိကန်၊ အာရှနှင့် ‌ဥရောပနိုင်ငံများရှိ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ချိတ်ဆက်ထားရှိပါကြောင်း၊ အဆိုပါဓာတ်ပေါင်းဖိုများ၏ သက်တမ်းကို တိုးမြှင့်လျက်ရှိကြောင်း၊ General Electric နှင့် Rolls-Royce ကုမ္ပဏီတို့အနေဖြင့် လုပ်ငန်းသုံး Small Modular Reactor Project ကို စမ်းသပ်ဆောင်ရွက်ရာတွင် ပါဝင်လျက်ရှိကြကြောင်း၊ ယူရေနီယမ်အများဆုံးရှိသည့် နိုင်ငံမှာ ရုရှားနိုင်ငံဖြစ်ပြီး အနောက်နိုင်ငံများအနေဖြင့် ရုရှားနိုင်ငံမှ လောင်စာဆီဝယ်ယူခြင်းကို ပိတ်ဆို့နိုင် ကြောင်း၊ အာဖရိကတိုက်မှ နိုင်ဂျာနိုင်ငံသည်လည်း ယူရေနီယမ်သတ္တုကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ အနောက်အာဖရိကနိုင်ငံများသည် ကမ္ဘာ့ယူရေနီယမ် (၅) ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး ဥရောပသမဂ္ဂမှတင်သွင်းသည့် ယူရေနီယံသွင်းကုန်ပမာဏ၏ (၂၄) ရာခိုင်နှုန်းကို တင်ပို့လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ယူရေနီယမ် ဈေးနှုန်းသည် တစ်ပေါင်လျှင် (၃၀) ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ (၆၂)ခန့် မြင့်တက်ခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ်မှစတင်၍ ရုရှား-ယူကရိန်းပဋိပက္ခနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်ပါကြောင်း၊ ယူရေနီယမ်ကို အနည်းငယ်သန့်စင်ထားသည့် U308 အဝါရောင်အမှုန့် (yellowcake) ပုံစံပြုလုပ်၍ ကုန်သွယ်မှုပြုလုပ်ကြပြီး  အဆိုပါအမှုန့်များကို ယူရေနီယံအရည်အဖြစ် ပြောင်းလဲကာ လောင်စာတောင့်များအဖြစ်ဖန်တီး၍ စွမ်းအင်ဓာတ်ပေါင်းဖိုများတွင် အသုံးပြုကြပါကြောင်း၊ တစ်ကမ္ဘာလုံးအဆင့် ယူရေနီယမ်ပြတ်လပ်မှု ကြုံတွေ့ရနိုင်ပြီး အထူးသဖြင့် အနောက်နိုင်ငံများသည် ယူရေနီယမ်ပြတ်လပ်မှုရှိကြောင်းကို ပြောဆိုလာခဲ့ကြကြောင်း၊ ကနေဒါနိုင်ငံမှ Sprott Asset Management က ထိန်းချုပ် သည့် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ တစ်ဖွဲ့တွင် ယူရေနီယမ်သိုလှောင်ထားရှိကြောင်း၊ ယူရေနီယမ်ရှာဖွေတွေ့ ရှိသည့်အချိန်မှ တူးဖော်သည့်အချိန်ကာလမှာ (၈) နှစ်မှ (၁၅) နှစ်အထိ ကြာမြင့်ကြောင်း၊ တရုတ်နိုင်ငံတွင် နျူကလီးယားဓာတ်ပေါင်းဖို (၅၅) လုံးရှိပြီး (၂၄) လုံး ထပ်မံတည်ဆောက်လျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့်လည်း ဓာတ်ပေါင်းဖိုတည်ဆောက်မှု ထပ်မံတိုးချဲ့ရန်စီစဉ်လျက်ရှိပြီး နိုင်ငံများစွာကလည်း ၎င်းတို့၏ ပထမဆုံးနျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိကြပါကြောင်း၊ ဂျပန်နိုင်ငံတွင် ဖူကူရှီးမားနျူကလီးယားစက်ရုံမှ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားပြီးနောက်ပိုင်း တင်းကျပ်သည့်လုံခြုံရေးစံနှုန်းများကို ကျော်ဖြတ်လျက် ပြန်၍လည်ပတ်ရန် ဆောင်ရွက်ခဲ့ရာ ဓာတ်ပေါင်းဖို (၃၃) လုံးအနက် သုံးပုံတစ်ပုံခန့်သာ ပြန်၍လည်ပတ်နိုင်ခဲ့ကြောင်း၊ ဓာတ်ပေါင်းဖို (၁၆) လုံး လည်ပတ်ခွင့်ရရှိရန် စောင့်ဆိုင်း နေဆဲဖြစ်ကြောင်း သိရှိရပါသည်။

ယူရေနီယံသတ္တုတူးဖော်သည့်ကုမ္ပဏီများသည် အကျိုးအမြတ်များစွာရရှိလာခဲ့ကြပြီး ကာဇက်စတန်နိုင်ငံ၏ ကမ္ဘာ့အကြီးဆုံး ယူရေနီယံထုတ်လုပ်သည့်ကုမ္ပဏီ Kazatomprom ၏ အစုရှယ်ယာဈေးနှုန်းသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် (၁၁) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သလို ယင်း၏ ပြိုင်ဖက် ကနေဒါကုမ္ပဏီ Cameco ၏ အစုရှယ်ယာဈေးမှာ (၈.၇) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA