USA

အမေရိကန်နိုင်ငံတွင် တစ်နှစ်တာအတွင်း ရေနံစိမ်းဈေးနှုန်းမြင့်တက်ကာ ရေနံစိမ်းပြတ်လပ်မှုရှိလာနိုင်

Last Updated:

အမေရိကန်နိုင်ငံတွင် တစ်နှစ်တာအတွင်း ရေနံစိမ်းဈေးနှုန်းမြင့်တက်ကာ ရေနံစိမ်းပြတ်လပ်မှုရှိလာနိုင်ကြောင်း ၁၅-၉-၂၀၂၃ ရက်တွင် GBN Britain’s News Channel အွန်လိုင်းသတင်း၌ “US crude oil prices surge to highest level in a year as supply shortfall expected” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။  

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့နောက်ပိုင်းမှစတင်၍ အမေရိကန်နိုင်ငံ၏ ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၉၀)(စတာလင်ပေါင် ၇၂.၅) သို့ ပထမဆုံးအကြိမ် မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့မှစ၍ ရေနံဈေးနှုန်းမြင့်တက်ခဲ့ရာ Brent Crude oil တစ်စည်ကို အမေရိကန်ဒေါ်လာ (၉၃.၈၉) (၁.၉ ရာခိုင်နှုန်း) နှင့် West Texas Intermediate (WTI) Crude oil တစ်စည်ကို စတာ လင်ပေါင် (၉၀.၃၇) (၁.၉ ရာခိုင်နှုန်း)သို့ မြင့်တက်ခဲ့ကြောင်း၊ နိုင်ငံတကာစွမ်းအင်အေဂျင်စီ၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်းမှစ၍ လာမည့်စတုတ္ထ(၃)လပတ်တွင် OPEC+  (Organization of Petroleum Countries +) နိုင်ငံများမှ ရေနံစိမ်းထုတ်လုပ်မှုလျှော့ချမည်ဖြစ်သဖြင့် ရေနံစိမ်း ပြတ်လပ်လာနိုင်ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံတွင် အာတိတ်ဒေသအမျိုးသားတိရစ္ဆာန်ဘေးမဲ့တော (Arctic National Wildlife Refuge)ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များငှားရမ်းခြင်းကို ဖျက်သိမ်းခဲ့ပြီး National Petroleum Reserve ၏ (၄၀) ရာခိုင်နှုန်းကျော်ပါက ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက် ငှားရမ်းခြင်းကိုတားဆီးမည့် ဥပဒေသစ်တစ်ရပ်ကို ပြည်ထဲရေးဝန်ကြီး Ms. Deb Haaland က အဆိုပြုထားပါကြောင်း၊ အဆိုပြုထားသည့် ဥပဒေအရ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအတွက် Reserve အဖြစ်ထားရှိသည့် ဧရိယာအားဖြင့် စုစုပေါင်း ဧက(၂၃) သန်းအနက် ဧက (၁၀.၆) သန်းကျော်လွန်၍ ငှားရမ်းပြီး ဖြစ်ပါက နောက်ထပ်ငှားရမ်းခြင်း ပြုမည်မဟုတ်ကြောင်း သိရှိရပါသည်။

 

 

Source: https://www.gbnews.com/news/us/us-crude-oil-price-per-barrel-november-supply-shortfall

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA