Thailand

ထိုင်းနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားများလာရောက်လည်ပတ်ခြင်းမှ ဝင်ငွေ ဘတ် ၃ ထရီလီယံ ရရှိရန် ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန မျှော်မှန်းထား

Last Updated:

ထိုင်းနိုင်ငံကို အားကစားနှင့် ဖျော်ဖြေရေးအချက်အခြာဖြစ်စေရန် ရည်ရွယ်ထားပြီး နိုင်ငံခြားသား ခရီးသွားများလာရောက်လည်ပတ်ခြင်းမှ ဘတ် ၃ ထရီလီယံ ရရှိရန် မျှော်မှန်းထားပါကြောင်း၊ တရုတ်နှင့် ကာဇက်စတန်နိုင်ငံ ခရီးသွားများအတွက် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ဗီဇာကင်းလွတ်ခွင့်ပေးမည့် မူဝါဒကို အစိုးရအဖွဲ့က သဘောတူညီခဲ့ပါကြောင်း ခရီသွားလာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး Ms. Sudawan Wangsuphakijkosol က ပြော ကြားခဲ့ပါသည်။

ဝန်ကြီးချုပ် Mr. Srettha Thavisin ကလည်း ခရီးသွားများကို ဆွဲဆောင်ရန်မှာ အချို့သော ခရီးသွားများအတွက် ဗီဇာလိုအပ်ချက်များ ဖယ်ရှားပေးခြင်းနှင့် လေဆိပ်များတွင် ခရီးသွားလာရေး ဆိုင်ရာ လုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့စေခြင်းတို့ လိုအပ်သည်ဟု လမ်းညွှန်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ရည်မှန်းချက်ပြည့်မီရန် စီမံကိန်းများစွာ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနသည် နိုင်ငံတကာ ပြဇာတ်များနှင့် အားကစားများကဲ့သို့ အားကစားနှင့် ဖျော်ဖြေရေးပေါ်တွင် အာရုံစိုက်ခြင်းဖြင့် ပရိတ်သတ်ကို ဆွဲဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားပါသည်။

ဘဏ္ဍာငွေ ကန့်သတ်ထားသဖြင့် ဆောင်ရွက်ပြီးစီးနိုင်မည့် စီမံကိန်းများပေါ်မူတည်၍ ဘဏ္ဍငွေ ထပ်တိုးတောင်းခံသွားမည် ဖြစ်ကြောင်း၊ ခရီးသွားများ အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံ အဆောက်အအုံသစ်များ ထပ်တိုး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ခရီးသွား ဝင်ငွေကို ပြည်တွင်း/ပြည်ပ အပါအဝင် ဘတ် ၃.၃ ထရီလီယံ ရရှိရန် လျာထားပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားပါသည်။

ဗီဇာကင်းလွတ်ခွင့်ရရှိပါက တရုတ်ခရီးသွားများသည် ၄.၁-၄.၂ သန်းထိ လာရောက်သင့်ပါကြောင်း၊ အစိုးရ၏ ရည်မှန်းထားသည့် ဝင်ငွေပမာဏရရှိရန်အတွက် လေကြောင်းလိုင်းများတွင် ထိုင်ခုံအရေအတွက် တိုးမြှင့်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခရီးသွားလာရေးအာဏာ ပိုင်၏ ဥက္ကဋ္ဌ Ms. Thapanee Kiatphaibool က ပြောကြားပါသည်။        

 

 

 

Source: www.bangkokpost. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand