China (Kunming)

တရုတ်နိုင်ငံအနေဖြင့် ပို့ကုန်ပစ္စည်းအမျိုးမျိုးအတွက် ပို့ကုန်အခွန်ပြန်အမ်းပေးမှုကို ပြင်ဆင် သတ်မှတ်ရန် သို့မဟုတ် ပယ်ဖျက်ရန်ရှိ

Last Updated:

တရုတ်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ ကုန်ပစ္စည်းအမျိုးမျိုး အတွက် ပို့ကုန်အခွန်ပြန်အမ်းပေးမှု (export tax rebates) ကို ပြင်ဆင်သတ်မှတ်သွားမည် ဖြစ်ကြောင်း (၁၅-၁၁-၂၀၂၄) ရက်နေ့က ကြေညာခဲ့သည်။

တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်အခွန်ကြီးကြပ်ရေးအဖွဲ့ (State Taxation Administration) တို့ ပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်တွင် အလူမီနီယမ် (aluminum)၊ ကြေးနီ (Copper) နှင့် ဓာတုဗေဒနည်းအရပြုပြင်ထားသော (chemically modified) တိရစ္ဆာန် (animal)၊ အပင် (plant) သို့မဟုတ် အဏုဇီဝဆီများ (microbial oils) နှင့် အဆီများ (fats) အတွက် ပို့ကုန်အခွန်ပြန်အမ်းပေးမှုကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်းသိရသည်။

အလားတူ အချို့သောသန့်စင်ပြီးရေနံထွက်ကုန်များ (refined oil products) ၊ ဓါတ်ရောင်ခြည်သုံးပစ္စည်းများ (photovoltaic products) ၊ ဘတ္ထရီများ (batteries) နှင့် သတ္တုမဟုတ်သော ဓာတ်သတ္တုထုတ်ကုန်အချို့ (certain non-metallic mineral products) အတွက် ပို့ကုန်ခွန်ပြန်အမ်းနှုန်း (export tax rebate rate) ကို ၁၃ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ လျှော့ချသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါကြေညာချက်ကြောင့် တရုတ်နိုင်ငံမှ အလူမီနီယံအများအပြား ပြည်ပသို့ စီးဆင်းမှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ကုန်သည်အများစုကမျှော်လင့်ထားသည်။ လန်ဒန် Metal Exchange တွင် အလူမီနီယမ်ဈေးနှုန်းများမြှင့်တင်သွားသည်။

ယင်းကြေညာချက်သည် အမေရိကန်ပဲပုပ်ဆီဈေးနှန်ုးများကို သိသိသာသာမြင့်တက်စေခဲ့သည်။ ဇီဝလောင်စာ (biofuel) တွင် အသုံးပြုရန်အတွက် တရုတ်နိုင်ငံမှ စားသုံးဆီ (cooking oil) များ ဥရောပနှင့် အမေရိကန်သို့ တင်ပို့ရောင်းချမှုတွင် ပြည်တွင်းထုတ် အစားအသောက်များ (locally produced feedstocks) ကိုစိန်ခေါ်မှုများ ဖြစ်စေသည်။ တရုတ်နိုင်ငံ၏ စားသုံးဆီ တင်ပို့မှုသည် ပုံမှန်အားဖြင့် ဓာတုဗေဒနည်းအရ ပြုပြင်ထားသော တိရစ္ဆာန်၊ အပင် သို့မဟုတ် အဏုဇီဝဆီများနှင့် အဆီအမျိုးမျိုးအတွက် အကောက်ခွန်အမျိုးအစားအောက်တွင်ရှိပြီး ယင်းပို့ကုန်များအတွက် ပို့ကုန်ပြန်အမ်းငွေ (export rebates) များကို ပယ်ဖျက်သွားမည်ဖြစ်သည်။

အရင်းမြစ်။ http://en.people.cn/n3/2024/1115/c90000-20242712.html

စီးပွားရေးသံမှူး၊ ကူမင်းမြို့။

Category: China (Kunming)