တရုတ်နိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့၏ ကုန်သွယ်မှုသည် ယခင်နှစ် အလားတူကာလထက် ၂၀၂၄ ခုနှစ် ပထမ ၁၀ လတွင် ၉ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ နှစ်နိုင်ငံကြား စီးပွား ရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှု ပိုမိုနက်ရှိုင်းလာမှုကို တွေ့ရှိရသည်။ တရုတ်အကောက်ခွန်အထွေ ထွေ အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ ယင်းတိုးတက်မှုနှုန်းသည် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းတိုးတက်မှုနှုန်းထက် ၄ ဒသမ ၇ ရာခိုင်နှုန်း ပိုမိုသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဘရာဇီးနိုင်ငံနှင့် ကုန်သွယ်မှုတန်ဖိုးသည် ယွမ် ၁ ဒသမ ၁၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅၈ ဒသမ ၃၃ ဘီလီယံ) ရှိခဲ့သည်။ ပို့ကုန်အနေဖြင့် တန်ဖိုး ယွမ် ၄၃၂ ဒသမ ၀၈ ဘီလီယံနှင့် သွင်းကုန်တွင် တန်ဖိုး ယွမ် ၇၀၈ ဒသမ ၁၅ ဘီလီယံ ရှိသည်။
ယခုနှစ်သည် တရုတ်-ဘရာဇီး သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် နှစ်ပတ်လည်နှစ်ဖြစ် သည်။ လွန်ခဲ့သည့်ရာစုနှစ်ဝက်အတွင်း နှစ်နိုင်ငံအနေဖြင့် စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်မှုတွင် အောင်မြင်မှုအသီးအပွင့်များရရှိခဲ့သည်။ နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးတို့တွင်လည်း သိသာထင်ရှားသော တိုးတက်မှုများရရှိခဲ့သည်။
တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ၁၅ နှစ် ဆက်တိုက် ဘရာဇီးနိုင်ငံ၏ အကြီးဆုံးကုန်သွယ် ဖက်နှင့် တင်ပို့မှုအများဆုံးဆောင်ရွက်သည့်နေရာဖြစ်ခဲ့သည်။ လက်တင်အမေရိကနိုင်ငံများတွင် ဘရာဇီးနိုင်ငံသည် တရုတ်၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံအဖြစ် ကာလကြာရှည်စွာ တည်ရှိခဲ့သည်။
နက်ရှိုင်းသော စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ဘရာဇီးနိုင်ငံမှ အရည်အသွေးမြှင့်သော ထုတ်ကုန်များသည် တရုတ်ဈေးကွက်သို့ ဝင်ရောက်လာခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမ ၁၀ လတွင် ဘရာဇီးနိုင်ငံမှ ပဲပုပ် (soybeans) နှင့် သံရိုင်း (iron ore) တင်သွင်းမှုတွင် တရုတ်နိုင်ငံ၏ တင်သွင်းမှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်း ကျော်ရှိခဲ့သည်။ ပျော့ဖတ် (pulp) နှင့် ရေနံစိမ်း (crude oil) တင်သွင်းမှုတွင်လည်း တင်သွင်းမှု စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်း ကျော်လွန်ခဲ့သည်။
တရုတ်နိုင်ငံမှ အရည်အသွေးမြင့် စက်မှုထုတ်ကုန်များသည် ဘရာဇီးနိုင်ငံသို့ ဝင်ရောက်လာသည်။ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း ဘရာဇီးသို့ ယွမ် ၂၁၆ ဒသမ ၈၆ ဘီလီယံတန်ဖိုးရှိ အလယ်အလတ်ကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၁ ဒသမ ၈ ရာခိုင်နှုန်းတိုးမြင့်ကာ ဘရာဇီးသို့ တရုတ်၏ စုစုပေါင်းပို့ကုန်တန်ဖိုး၏ ထက်ဝက်ခန့်ရှိခဲ့သည်။
အရင်းမြစ်။ http://en.people.cn/n3/2024/1118/c90000-20243566.html
စီးပွားရေးသံမှူး၊ ကူမင်းမြို့။