China(Nanning)

၂၀၂၄ ခုနှစ်၊ ပထမ (၁၀)လအတွင်း တရုတ်နှင့် APEC အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုသည် ယွမ် (၂၁)ထရီလီယံကျော်အထိ စံချိန်တင် မြင့်မားခဲ့

Last Updated:

တရုတ်နှင့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC)အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၀)လတွင် ယွမ် (၂၁)ထရီလီယံ(အမေရိကန်ဒေါ်လာ ၂.၉၁ ထရီလီယံ)သို့ ရောက်ရှိခဲ့ပြီး ၎င်းတို့၏ နက်ရှိုင်းသော စီးပွားရေးပေါင်းစည်းမှုနှင့် ခိုင်မာသောကုန်သွယ်မှုများကို ပြသနိုင်ခဲ့ကြောင်း သိရသည်။

တရုတ်အကောက်ခွန်ဌာန၏ အချက်အလက်များအရ APEC အဖွဲ့နိုင်ငံများနှင့် ကုန်သွယ်မှုသည် တရုတ်နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှု၏ (၅၉.၁)ရာခိုင်နှုန်းရှိပြီး တစ်နှစ်ထက်တစ်နှစ် (၅.၇) ရာခိုင်နှုန်းတိုးလာကာ တရုတ်နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုတိုးတက်မှုနှုန်းထက် (၀.၅)ရာခိုင်နှုန်း ကျော်လွန်နေကြောင်း သိရသည်။

APEC အဖွဲ့ဝင်နိုင်ငံများအနက် ဗီယက်နမ်၊ ပီရူးနှင့် မလေးရှားတို့နှင့် ကုန်သွယ်မှု တိုးတက်မှုနှုန်းမှာ (၁၀)ရာခိုင်နှုန်း ကျော်လွန်ခဲ့ပြီး ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသနှင့် ထိုင်ဝမ်တို့နှင့် ကုန်သွယ်မှုသည် (၁၁.၃)ရာခိုင်နှုန်းနှင့် (၁၁)ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ကြောင်း သိရသည်။

တစ်ဝက်တစ်ပျက်ကုန်ချောများသည် APEC အဖွဲ့ဝင်နိုင်ငံများသို့ တရုတ်နိုင်ငံ၏ အဓိက ပို့ကုန်များ ဖြစ်ပြီး ပထမ(၁၀)လအတွင်း ယွမ်(၅.၅၆)ထရီလီယံရှိခဲ့ပြီး (၈.၄)ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ Electronic components၊ auto parts နှင့် display modules များ တင်ပို့မှုသည် သိသိသာသာ တိုးတက်လာကြောင်း၊ အထည်အလိပ်၊ သစ်သီးဝလံနှင့် ခရီးသည်တင်ယာဉ်များအပါအဝင် လူသုံးကုန်ပစ္စည်းများ တင်ပို့မှုမှာလည်း သိသိသာသာ တိုးတက်လာခဲ့ကြောင်းသိရသည်။

သွင်းကုန်အနေဖြင့် APEC အဖွဲ့ဝင်နိုင်ငံများမှ တရုတ်နိုင်ငံသို့ တင်သွင်းမှု၏ (၈၀)ရာခိုင် နှုန်းကျော်သည် စက်ယန္တရားများ၊ စွမ်းအင်ထုတ်ကုန်များနှင့် သတ္တုရိုင်းများ အပါအဝင် တစ်ဝက် တစ်ပျက်ကုန်ချောပစ္စည်းများဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုများသည် APEC နိုင်ငံများအတွက်ကုန်သွယ်မှုနှင့် စီးပွားရေးအခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ပြီး ဒေသတွင်းပေါင်းစည်းမှုနှင့် သာယာဝပြောရေးကိုမြှင့်တင်ပေးကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်ဟု သိရသည်။

Source: en.people.cn/n3/2024/1113/c90000-20241236.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)