၂၀၂၄ ခုနှစ်၊ တစ်နှစ်ပတ်လုံးအတွက် ဟောင်ကောင်ဒေသ ဂျီဒီပီတိုးတက်မှု ခန့်မှန်းချက် ကို မူလခန့်မှန်းချက်ဖြစ်သည့် ၂.၅ မှ ၃.၅ ရာခိုင်နှုန်းအတွင်းမှ ၂.၅ ရာခိုင်နှုန်းသို့ ပြင်ဆင်ခဲ့သည် ဟု ဟောင်ကောင်ဒေသအစိုးရမှ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကြေညာခဲ့ကြောင်း RTHK သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၁၅ ရက်နေ့တွင် “Govt revises full-year GDP growth forecast to 2.5pc” သတင်းခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။
၂၀၂၄ ခုနှစ်၊ တတိယသုံးလပတ် ဂျီဒီပီတိုးတက်မှုမှာ ၁.၈ ရာခိုင်နှုန်းသာရှိပြီး ယခင်သုံးလပတ်ထက် တိုးတက်မှုလျော့နည်းခဲ့ပါသည်။ ဟောင်ကောင်ဒေသပြင်ပ၌ ဖြစ်နေသည့် ကမ္ဘာလုံးဆိုင် ရာ စီးပွားရေးမရေရာမှုများ၊ ကုန်သွယ်မှုဆိုင်ရာ ပဋိပက္ခများကဲ့သို့သော စိန်ခေါ်မှုများကြောင့် ဒေသ၏ စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေခြင်းကြောင်းနှင့် တရုတ်ပြည်မနှင့် ဟောင်ကောင်ဒေသအစိုးရတို့မှ စီးပွားရေး မြှင့်တင်စေမည့် ဆောင်ရွက်ချက်များ ကြေညာခဲ့ခြင်းကြောင့် ဒေသစီးပွားရေးတိုးတက်မှု အရှိန်အဟုန်ရရှိလာမည်ဖြစ်သည်ဟု ဒေသအစိုးရ စီးပွားရေး ပညာရှင်ဖြစ်သူ Adolph Leung က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
စီးပွားရေးသံမှူး၊ဟောင်ကောင်မြို့